ကေပေါ့ပ်ဂီတအဖွဲ့ Super Junior သည် တောင်ကိုရီယားကြက်ခြေနီအဖွဲ့၏ သွေးလှူဒါန်းမှုသံတမန်အဖွဲ့ အဖြစ် တာဝန်ယူဆောင်ရွက်နေသည်မှာ ယခုဆိုလျှင် ၁၀ နှစ်ပြည့်မြောက်ပြီဖြစ်သည်။
ကမ္ဘာ့သွေးလှူဒါန်းခြင်းနေ့ဖြစ်သော ဇူလိုင်လ ၁၄ရက်နေ့က Super Junior အဖွဲ့သည် နောက်တစ်ကြိမ်ထပ်မံ ပြီး သံတမန်အဖွဲ့အဖြစ် ဆောင်ရွက်ရန် သဘောတူညီခဲ့သည်။
တောင်ကိုရီးယားကြက်ခြေနီအဖွဲ့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း သွေးလှူဒါန်းမှုနှင့်ပက်သက်၍ အများပြည်သူ သိရှိနားလည်စေရန် စည်းရုံးရေးများကို ပြုလုပ်ခဲ့သည်။ Super Junior အဖွဲ့သည် ထိုစည်းရုံးရေး များအတွင်း တက်တက်ကြွကြွပါ၀င်ခဲ့ပြီး ပိုစတာများအတွက် ဓာတ်ပုံရိုက်ကူးပေးခြင်း၊ ရေဒီယိုကြော်ငြာများ အတွက် အသံသွင်းပေးခြင်းနှင့် လမ်းမများပေါ်၌ စည်းရုံးရေးဆင်းပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သည်။
ထိုသို့လုပ်ဆောင်မှုနှင့်ပက်သက်ပြီး အဖွဲ့ဝင်ဖြစ်သူ Leeteuk က “ လူတစ်ယောက်ချင်းစီရဲ့ ဘဝအတွက် အရေးပါတဲ့ အလုပ်ဖြစ်တာနဲ့အညီ သွေးလှူဒါန်းမှုကို လူအများက စိတ်ဝင်စားပြီး ပါ၀င်ဆောင်ရွက်ပေးကြမယ် လို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့ Super Junior အဖွဲ့အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
Ref: Soompi