အဆိုတော်ဘီယွန်းစေးသည် တစ်လသားအရွယ်ရှိပြီဖြစ်သည့် သူမ၏အမြွှာကလေးနှစ်ဦးနှင့်အတူ ပထမဦးဆုံး အကြိမ်အဖြစ် ဓာတ်ပုံတွဲရိုက်ကာ အင်စတာဂရမ်၌တင်ပြီး သူမ၏ပရိသတ်များကို မျှဝေခဲ့သည်။
ဒါ့အပြင် ဂရမ်မီဆုရှင်အမေရိကန်အဆိုတော်က သူမ၏အမြွှာကလေးနှစ်ဦးအမည်မှာ ဆာကာတာနှင့် ရမ်မီတို့ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
အဆိုပါဓာတ်ပုံထဲတွင် အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်သည့် ကလေးသုံးယောက်မိခင် ဘီယွန်းစေးသည် သူမ၏ အမြွှာကလေးနှစ်ဦးကို ခရမ်းရောင်ပန်းပွင့်များပါသည့် အဝတ်စဖြင့်လွှမ်းခြုံပေးထားပြီး သူမကိုယ်တိုင်က အပြာရောင် မျက်နှာလွှားဇာအား ဝတ်ဆင်ထားသည်ကို တွေ့မြင်ရသည်။
ထိုဓာတ်ပုံသည် အင်စတာဂရမ်ပေါ်သို့ တင်ခဲ့သည့်တစ်နာရီအတွင်း ကြိုက်နှစ်သက်ကြောင်း လိုက်ခ်လုပ်သည့် အရေအတွက် ၂သန်းကျော်ရရှိခဲ့သည်။
ဒါ့အပြင် ဘီယွန်းစေးက “ဆာကာတာနဲ့ ရမ်မီတို့ဟာ ဒီနေ့မှာပဲ တစ်လသားအရွယ်ရှိပါပြီ” ဟုလည်း စာရေးသား ခဲ့သည်။
ဘီယွန်းစေးနှင့် ဂျေဇီတို့ထံတွင် ယခုအမြွှာကလေးနှစ်ဦးအပြင် ဘလူးအိုင်ဗီဟု အမည်ရသော အသက် ၅နှစ် အရွယ်ရှိ သမီးလေးတစ်ဦးလည်းရှိသည်။