ဇူလိုင် ၁၄၊ အင်္ဂလန် ။ ။ ဝက်ဒ်ဖို့ဒ်အသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ချာလိုဘတ်ကို ပြောင်းရွှေ့ကြေးပေါင် ၆ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
ချာလိုဘတ်ကို ချယ်လ်ဆီးအသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ပွဲထွက်ကစားခွင့်ပိုမိုရရှိလိုသည့်အတွက် ဝက်ဒ်ဖို့ဒ်သို့ပြောင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ချာလိုဘတ်မှာ ၂၀၁၂-၁၃ ရာသီက ဝက်ဖို့ဒ်အသင်းတွင် အငှားလာရောက်ကစားဖူးသူ ဖြစ်သည်။ အင်္ဂလန်လူငယ်လက်ရွေးစင် ကစားသမား ချာလိုဘတ်သည် ဝက်ဖို့ဒ်အသင်းတွင် ကျောနံပါတ် ၁၄ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။
ချာလိုဘတ်သည် ချယ်လ်ဆီးအသင်းတွင် စုစုပေါင်း ၄၂ ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဥရောပယူ-၂၁ ပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်ရောက်ရှိအောင် အဓိကနေရာမှ ကူညီပေးခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာတွင် ချာလိုဘတ်မှာ ၁၀ ပွဲပါဝင်ကစားခွင့်ရခဲ့သည်။
ရည်ညွှန်း ဘီဘီစီ