အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသော်လည်း အာဆင်နယ်၏ ရာသီကြိုခြေစမ်းပွဲခရီးစဉ်တွင် ဂီရော့ဒ်နှင့် ၀ဲလ်ကော့တို့ ပါ၀င်လာ

အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသော်လည်း အာဆင်နယ်၏ ရာသီကြိုခြေစမ်းပွဲခရီးစဉ်တွင် ဂီရော့ဒ်နှင့် ၀ဲလ်ကော့တို့ ပါ၀င်လာ

ဇူလိုင် ၁၀၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းသည် သြစတြေးလျနှင့် တရုတ်နိုင်ငံများတွင် ရာသီကြိုခြေစမ်းပွဲစဉ်များကစားရန် ကစားသမား ၂၅ ဦးဖြင့် ခရီးစဉ်စတင်ခဲ့ပြီ ဖြစ်သည်။

အာဆင်နယ်အသင်း၏ ၂၅ ဦးစာရင်းတွင် တိုက်စစ်မှူးသစ်လာကာဇက်တီနှင့် နောက်ခံလူကိုလာစီနက်တို့ပါဝင်လာခဲ့သလို အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် တိုက်စစ်မှူးဂီရော့ဒ်နှင့် ဝဲလ်ကော့တို့လည်း ပါဝင်လာခဲ့သည်။ ဂီရော့ဒ်ကို အဲဗာတန်အသင်းက ချိတ်ဆက်နေပြီး ဝဲလ်ကော့ကို ဝက်စ်ဟမ်းက ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ   လေယာဉ်ပေါ်တွင် ပျော်ရွှင်လျက်ရှိနေကြသည်။

ယခုလူစာရင်းတွင် အာဆင်နယ်အသင်းကြီးမှ ကစားသမားများဖြစ်သော အိုဇေးလ်၊ ဇာခါ၊ ဝဲလ်ဘတ်၊ အိုင်ဝိုဘီ၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ ချိန်ဘာလိန်၊ ရမ်ဆေး၊ အော့စပင်နာ၊ မာတီဆက်ကာတို့ ပါဝင်ခဲ့ကြပြီး လူငယ်ကစားသမားများဖြစ်သော ဝီလော့၊ ဘီလစ်၊ နီလက်စ်၊ အက်ဒီအန်ခီတီရာ၊ နယ်လ်ဆင်နှင့်မာလန်တို့ ပါဝင်ခဲ့ကြသည်။

အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများဖြစ်ပေါ်နေသည့် ဆန်းချက်ဇ်မှာမူ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကစားထားရ သောကြောင့် ယခုခရီးစဉ်တွင် မပါဝင်ခဲ့ပေ။ ၎င်းအပြင် ဥရောပ ယူ-၂၁ပြိုင်ပွဲကစားခဲ့ကြသော ဘယ်လာရင်နှင့်ချိန်ဘာလိန်တို့လည်း ကျန်ရစ်ခဲ့ကြသည်။

အာဆင်နယ်အသင်းသည်  ယခုခရီးစဉ်တွင် ခြေစမ်းပွဲလေးပွဲကစားမည်ဖြစ်သည်။ သြတြေးလျတွင် ဆစ်ဒနီအသင်း၊ Western Sydney Wanderers အသင်းတို့နှင့်ကစားမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီးတို့နှင့် ကစားမည် ဖြစ်သည်။

ထို့နောက်တွင် အာဆင်နယ်အသင်းသည် အင်္ဂလန်သို့ပြန်လာမည်ဖြစ်ပြီး ဘင်ဖီကာ၊ ဆီဗီလာတို့နှင့် အမ်းမရိတ်ကွင်းတွင် ကစားမည်ဖြစ်သည်။ သြဂုတ်လ ၆ ရက်နေ့တွင်တော့ ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ကစားမည် ဖြစ်သည်။

အာဆင်နယ်အသင်း၏ ရာသီအကြိုခြေစမ်းပွဲများ

--------------------------------------------------

July 13: Sydney (ANZ Stadium, Sydney)

July 15: Western Sydney Wanderers (ANZ Stadium, Sydney)

July 19: Bayern Munich (Shanghai Stadium, Shanghai)

July 22: Chelsea (Bird's Nest Stadium, Beijing)

July 29: Benfica (Emirates Stadium)

July 30: Sevilla (Emirates Stadium)

August 6: Chelsea (Wembley Stadium - Community Shield)

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly