ဓါတ်ပုံဆရာတစ်ယောက်က သင့်လက်ထဲမှာရှိနေတဲ့ ကင်မရာက အကောင်းဆုံးကင်မရာပဲလို့ သင့်ကို ပြောလိမ့်မယ်။ အခုအချိန်ထိတော့ -HUAWEI P10 မှာ အကောင်းဆုံးကင်မရာတွေပါဝင်တယ်။ အဲ့လိုဆိုလိုက်ရင် သင့်ရဲ့ DSLR ကင်မရာတွေကို ချောင်ထိုးထားတော့မှာလား။ ကြည့်ကြည့်ကြရအောင် -
အဓိက ရိုက်ချင်တဲ့နေရာကိုပဲ ဦးတည်ပြီး နောက်ခံနေရာမှာ ဝါးပြီးရိုက်မယ်ဆိုကြပါတော့။ အဲ့ဒါကို depth of field လုပ်ဆောင်ချက်လို့လဲ သိကြတယ်။ အရင်တုန်းကတော့ စမတ်ဖုန်းတွေက ပရော်ဖက်ရှင်နယ် DSLR ကင်မရာတွေကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ အခုတော့ ရနေပါပြီ။
ဒီနှစ်မှာတော့ စမတ်ဖုန်းတော်တော်များများက အနောက်ဖက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ပြီး ထုတ်လုပ်လာကြပြီး depth of field လုပ်ဆောင်ချက်ကို ဖန်တီးခဲ့ကြပါပြီ။
HUAWEI P10 ကို ယခုနှစ်မေလက မိတ်ဆက်ခဲ့ပြီး Google Android 7.0 မှာ အဆင့်မြင့် ကင်မရာအမှတ်တံဆိပ် Leica ရဲ့ မှန်ဘီလူးနှစ်လုံးကို ကင်မရာအနောက်ဖက်မှာ အခြားဖုန်းတွေမှာလို ဖုထွက်မနေအောင် တပ်ဆင်ထားပါတယ်။ အားသာချက်အနေနဲ့ကတော့ ကင်မရာမှန်ဘီလူးကို ပွန်းပဲ့မှု၊ အစင်းထင်မှုကနေ ကာကွယ်ပေးပါတယ်။ ဒီမှန်ဘီလူးနှစ်ခုလုံးက အလှဓါတ်ပုံ (Portraits) ရိုက်တဲ့အခါမှာ depth of field လုပ်ဆောင်ချက်ကို အပြည့်အဝ ထောက်ပံ့ပေးပါတယ်။
ပုံမှန် 2x optical zoom မှာ အကောင်းဆုံးအရည်အသွေးနဲ့ (Android ဖုန်းများထဲမှာပထမဆုံး) 10x အထိမြှင့်တင်ရိုက်ကူးနိုင်မှုနဲ့အတူ fingerprint sensor ကို အရှေ့ဘက်မှာ ပေါင်းစပ်ပါဝင်စေမှု တို့ကလည်း စိတ်ကျေနပ်ဖွယ်ရာ အထိအတွေ့နဲ့ ခံစားချက်တို့ကို ပေးစွမ်းနိုင်မှာပါ။
HUAWEI P10 မှာ ပါဝင်တဲ့ Depth of Field လုပ်ဆောင်ချက်ရဲ့ ရလဒ်က အလွန်ကောင်းမွန်တယ်ဆိုတာ မြင်တွေ့နိုင်မှာပါ။ ရိုးရှင်းလွယ်ကူစွာအသုံးပြုပြီး အကောင်းဆုံး ဓါတ်ပုံတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ DSLR ကင်မရာကတော့ အနည်းငယ် ပိုသာပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းကော၊ ကင်မရာကော သယ်ရမှာ မကြိုက်ဖူးဆိုရင်တော့ DSLR လုပ်ဆောင်ချက် ပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းက အကောင်းဆုံးအဖြေဖြစ်မှာပါ။
HUAWEI P10 ကို ၇၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် Prestige Gold၊ Graphite Black နှင့် Dazzling Blue တို့ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ HUAWEI P10 Plus ကို ၉၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အရောင်အနေဖြင့် Dazzling Gold၊ Graphite Black နှင့် Dazzling Blue တို့ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် HUAWEI P10 နှင့် P10 Plus ဝယ်ယူသူများအနေဖြင့် Telenor နှင့် ပူးပေါင်းထားသော လက်ဆောင်များထပ်မံရရှိမည်ဖြစ်ပါသည်။ လစဉ် ၁၀၀၀၀ ကျပ် ငွေဖြည့်ရုံဖြင့် လစဉ် 3GB ဒေတာနှင့် Telenor အချင်းချင်း အကန့်အသတ် SMS ပေးပို့ခြင်းကို ၆ လတိုင်တိုင် ရရှိမည်ဖြစ်ပါသည်။
###
Huawei Consumer Business Group ဆိုသည်မှာ
Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် တတိယလူသုံးအများဆုံးအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လွှမ်းမိုးလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက်တွင် တတိယအဆင့်၌ ရပ်တည်လျက်ရှိသည်။ သုတေသနစင်တာ (၁၆)ခုကို အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစု ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးပစ္စည်းများနှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှု (Home Devices and Cloud Services) စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ Huawei ၏ တစ်ကမ္ဘာလုံး ဆိုင်ရာကွန်ရက်ကို အနှစ်၂ဝကျော်သက်တမ်းရှိပြီး အထူးကျွမ်းကျင်သော ဆက်သွယ်ရေး လုပ်ငန်းပေါ်တွင် အခြေခံထားပြီး တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံ အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများကို ဖြန့်ဝေပေးရန် ရည်ရွယ်ပါသည်။
ထပ်မံသိရှိလိုပါက -
Huawei Mobile Myanmar Facebook Page - https://www.facebook.com/HuaweiDeviceMyanmar
Website - http://consumer.huawei.com/mm
Instagram - https://www.instagram.com/huaweidevicemyanmar
Hotline: 01-9000900
Public Relations ဆက်သွယ်ရန်
မေဘရဏီဇော်
Public Relations Manager
Device Business Department
Huawei Technologies (Yangon) Co., Ltd
09-799610280