တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများ သွားရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများ သွားရောက်
သတင်း၊ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖေ့ဘွတ်ခ်

ဇူလိုင် ၉ ။               ။ တပ်ချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ရှိ သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများအား သွားရောက်ဖူးမြော်ခဲ့ကြသည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် ဇူလှိုင် ၈ ရက်မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ဂါယာမြို့အတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရား ၆ နှစ်တာကာလပတ်လုံး တရားကျင့်ကြံခဲ့သည့် ဥရုဝေလတော နှင့် ဒုက္ကရစရိယတောင်သို့ သွားရောက်ခဲ့သည်။ ယင်းနေရာရှိ အထိမ်းအမှတ်ပြုလုပ်ထားသော တရားအားထုတ်သည့် လှိုဏ်ဂူတော် နှင့် သုဇာတာသူဌေးသမီးက မြတ်စွာဘုရားရှင်အား ဃနာနို့ဆွမ်း ဆက်ကပ်သည့် အထိမ်းအမှတ်အဖြစ် တည်ထားသော ဘုရားကျောင်းဆောင်သို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

အဆိုပါဘုရားကျောင်းအနီး နေရဉ္ဖရာမြစ်ဘေး၌ မြတ်စွာဘုရားက မြစ်အတွင်းသို့ ရွှေခွက်မျှောခဲ့သည့် အထိမ်းအမှတ် ဘုရားကျောင်းဆောင်တစ်ခုအားလည်း ဆောက်လုပ်ထားရှိကြောင်း သိရသည်။

ဆက်လက်ပြီး မြတ်စွာဘုရားအား မြက်ရိတ်ပုဏ္ဍားက မြက် ၈ ဆုပ်လှူဒါန်းသည့် အထိမ်းအမှတ် ဘုရားကျောင်းဆောင်နှင့် သုဇာတာသူဌေးသမီး၏ နေအိမ် အထိမ်းအမှတ်စေတီတော်ကြီးတို့အား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့သည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၇ ရက်က  လာရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly