One Direction အဖွဲ့အား လွန်ခဲ့သော ၂၀၁၀ ခုနှစ်က စတင်ပြီး၍ အောင်မြင်ကျော်ကြားအောင် မြေတောင် မြှောက်ပေးခဲ့သော X Factor အစီအစဉ်မှ ဒိုင်တစ်ဦးဖြစ်သည့် ဆိုင်မွန်ကိုဝဲလ်၏ ကုမ္ပဏီနှင့်အတူ လူဝီ တွမ်လင်ဆန် သည် ၁၈ လခန့် သက်တမ်းရှိသော တေးသံသွင်းစာချုပ် ချုပ်ဆိုခဲ့သည်။
“ကျနော်စာချုပ် ချုပ်ဆိုနိုင်တဲ့အတွက် အရမ်းကိုပျော်ရွှင်ပါတယ်။ ကျနော် Syco ဖျော်ဖြေရေး ကုမ္ပဏီနှင့်အတူ လက်တွဲသွားရမှာကို စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ အမေရိကန်က RCA တေးသံသွင်းမှာရှိတဲ့ အဖွဲ့နဲ့အတူ လက်တွဲရမှာကိုလည်း ပျော်ရွှင်ပါတယ်” ဟု တွမ်လင်ဆန်က ပြောခဲ့သည်။
တွမ်လင်ဆန်သည် မကြာသေးခင်ကမှ Just Hold On ဟု အမည်ပေးထားသော သူ၏ တစ်ကိုယ်တော် တေးသီချင်းတစ်ပုဒ်ကို ဒီဂျေပညာရှင် စတိဗ်အေအိုကီနှင့်အတူ တွဲဖက်၍ ထုတ်လုပ်ခဲ့ပြီး လွန်ခဲ့သော ဒီဇင်ဘာ လက ဖြန့်ချိခဲ့သည်။
“ကျနော် စတူဒီယိုထဲမှာ အလုပ်ကြိုးစားနေပါတယ်။ ပြီးတော့ ကျနော်ရေးစပ်ထားတဲ့ သီချင်းတွေကို ပြနိုင်ဖို့ မစောင့်နိုင်လောက်အောင်ကို ဖြစ်မိပါတယ်” ဟု သူက ပြောခဲ့သည်။
ဒါ့အပြင် အသက် ၂၅ နှစ်အရွယ်ရှိ တွမ်လင်ဆန်က “ ထုံစံအတိုင်းပါပဲ။ မယုံကြည်နိုင်စရာ ကောင်းလောက် အောင် အားပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု သူက The Sun သတင်းစာအား ပြောခဲ့ သည်။
One Direction အဖွဲ့မှ သူ၏ သူငယ်ချင်းများဖြစ်ကြသော ဟယ်ရီစတိုင်လ်၊ နီရယ်လ်ဟိုရန်နှင့် လီယမ်ပိန်းတို့ သည် အခြား တေးသံသွင်းများအတူ စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ကြသောကြောင့် လူဝီတွမ်လင်ဆန်တစ်ဦး တည်းသာ ဆိုင်မွန်ကိုဝဲလ်၏ ကုမ္ပဏီနှင့်အတူ စာချုပ်ချုပ်ဆိုသည့် တစ်ဦးတည်းသော အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
Ref: Metro