စပိန်ဘောလုံးသမိုင်းမှာ ဆုဖလားအများဆုံးရရှိသည့် ကစားသမားအဖြစ် အင်နီယေစတာ မှတ်တမ်းဝင်

စပိန်ဘောလုံးသမိုင်းမှာ ဆုဖလားအများဆုံးရရှိသည့် ကစားသမားအဖြစ် အင်နီယေစတာ မှတ်တမ်းဝင်

မေ ၂၉၊ စပိန် ။           ။ ဘာစီလိုနာအသင်းက အလာဗက်စ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကိုပါဒယ်ရေးဖလားကို ရရှိခဲ့သောကြောင့် ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာသည် စပိန်ဘောလုံးသမိုင်းတွင် ဆုဖလားအများဆုံး ရယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။

ယခုကိုပါဒယ်ရေးဆုဖလားသည် အင်နီယေစတာအတွက် ၃၃ ခုမြောက် ဆုဖလားဖြစ်သည်။ အင်နီယေစတာ၏ အသင်းဖော်ဟောင်း ဇာဗီမှာ ဆုဖလား ၃၂ ခုအထိ ရရှိထားပြီး ဒုတိယဆုဖလားအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

အင်နီယေစတာသည် ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလားအကြိမ် ၃၀ ရရှိခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနှင့် ဆုဖလား ၃ ကြိမ် ရခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းနှင့် ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူရိုဖလား ၂ ကြိမ်ရခဲ့ပြီး ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၅ ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၃ ကြိမ်၊ ဖီဖလာကမ္ဘာ့ကလပ်ဖလား ၃ ကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အင်နီယေစတာသည် ၂၀၀၅ ခုနှစ်က ဘာစီလိုနာနှင့်အတူ လာလီဂါဖလားကို စတင်ရရှိခဲ့ခြင်း ဖြစ်သည်။ ယခု ကိုပါဒယ်ရေးဖလားကို ရခဲ့သောကြောင့် ဘာစီလိုနာအသင်းသည် လာမည့် သြဂုတ်လတွင် လာလီဂါချန်ပီယံ ရီးယဲလ်အသင်းနှင့် စပိန်စူပါဖလားပွဲစဉ်ကို ကစားရမည်ဖြစ်သည်။ ထိုပွဲတွင် ဘာစီလိုနာအသင်းသာ အနိုင်ရခဲ့ပါက အင်နီယေစတာ၏ ဆုဖလားစံချိန်မှာ ထပ်မံတိုးမြှင့်သွားဦးမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly