အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲများ ပြန်စရန်အတွက် ရုရှ အားပေး

အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲများ ပြန်စရန်အတွက် ရုရှ အားပေး

မော်စကို၊ မေ ၁၂ ။          ။ အစ္စရေးနိုင်ငံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်ရန် ပြင်ဆင်နေစဉ် ရုရှသမ္မတ ဗလာဒီမာပူတင်က အစ္စရေးနှင့် ပါလက်စတိုင်းကြား ဆွေးနွေးပွဲများ   ပြန်စရေးအတွက် မော်စကိုက ထောက်ခံအားပေးကြောင်း မေ ၁၁ ရက်တွင် ပြောသည်။

သမ္မတ ပူတင်က “ရုရှအနေနဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ ပြန်စဖြစ်ဖို့ကို အပြည့်အ၀ ထောက်ခံအားပေးသွားမှာဖြစ်တယ်။”ဟု ရုရှတောင်ပိုင်းက ဆိုချီမြို့သို့ ပါလက်စတိုင်းခေါင်းဆာင် မာမွတ်အဘတ်စ် လာရောက်တွေ့ဆုံဆွေးနွေးပြီးနောက်တွင် ပြောလိုက်ခြင်းဖြစ်သည်။

“အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် သေချာတဲ့ အာမခံချက်ပဲဖြစ်တယ်။”ဟု ပူတင်က ဆိုသည်။

တစ်ချိန်တည်းတွင် ပါလက်စတိုင်းခေါင်းဆောင် အဘတ်စ်ကလည်း ရုရှ၏ တန်ပြန်အကြမ်းဖက်ချေမှုန်းရေး လုပ်ငန်းစဉ်ကို ပါလက်စတိုင်းက တန်ဖိုးထားကြောင်း၊ အရှေ့အလယ်ပိုင်းတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး ခိုင်မာစေရေးအတွက် ရုရှ၏ ပါဝင်မှုကို အလေးထားကြောင်း ပြောခဲ့သည်။

ပူတင်နှင့် အဘတ်စ် တွေ့ဆုံပြီးနောက်တွင် ရုရှကာကွယ်ရေးဝန်ကြီး အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒေါက ၎င်းနှင့်အဆင့်တူ ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီဆွိုင်းဂူနှင့် တွေ့ဆုံခဲ့ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရုရှနှင့် ပါလက်စတိုင်းကြားက ပူးပေါင်းဆောင်ရွက်မှုများနှင့်  ဒေသတွင်းလုံခြုံရေးကိစ္စရပ်များကို ၎င်းဝန်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly