အစ္စတန်ဘူလ်တွင် မေဒေးနေ့ချီတက်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးများဖြင့် ရဲက လူစုခွဲ

အစ္စတန်ဘူလ်တွင် မေဒေးနေ့ချီတက်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးများဖြင့် ရဲက လူစုခွဲ

အစ္စတန်ဘူလ်၊ မေ ၁ ။            ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် မေဒေးနေ့အခမ်းအနား ကျင်းပရန် တက်ဆမ်ရင်ပြင်သို့ ချီတက်သည့် ဆန္ဒပြလူအုပ်ကို ရဲက မျက်ရည်ယိုဗုံးသုံးကာ ဖြိုခွင်းသည်။

ထင်ရှားသည့် အဆိုပါရင်ပြင်ကို မြို့အာဏာပိုင်များက ပိတ်ဆို့ထားခြင်းအပေါ် ဆန့်ကျင်လျက် အစ္စတန်ဘူလ် ဂေရတ်တီပီခရိုင်က လူ ၂၀၀ နီးပါးက ရင်ပြင်သို့ ချီတက်စုံရုံးရန် လာရောက်ခြင်းအား ရဲက တားမြစ်ဖြိုခွဲခြင်းဖြစ်သည်။

သမ္မတ အာဂိုဂန်၏ ၎င်းအာဏာကို ပိုမိုချဲ့ထွင်သော ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဧပြီ ၁၆ ရက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲရလဒ်အနည်းငယ်အသာဖြင့် အနိုင်ရခဲ့ပြီးနောက် ယခုမေဒေးကျရောက်သည့် နေ့တွင် အစိုးရဆန့်ကျင်သော စာတမ်းများ ကိုင်စွဲကာ လက်ယာယိမ်းအုပ်စုများက ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက “မေဒေး အဓွန့်ရှည်ပါစေ။ အာဏာရှင် ကျဆုံးပါစေ။”စသော စာတမ်းများကို ကိုင်စွဲချီတက်ကြသည်။ ထိုဆန္ဒပြမှုအတွင်း တစ်ဦးကို ဖမ်းဆီးထားကြောင်း အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့သည်။

တက်ဆမ်ရင်ပြင်တွင် မည်သည့်ဆန္ဒပြဖော်ထုတ်မှုမျိုးကိုမျှ အာဏာပိုင်များက တားမြစ်ပိတ်ပင်ထားပြီး အတားအဆီးများ ချထားကာ ရဲက ပိတ်ဆို့ထားခြင်းဖြစ်သည်။

အစ္စတန်ဘူလ်မြို့၏ အနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ဘာကီကော့ခရိုင်တွင် တရားဝင် ကျင်းပခွင့်ရသော မေဒေးနေ့အခမ်းအနားများသို့ တက်ရောက်သည့် ပြည်သူပေါင်း ထောင်ပေါင်းများစွာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags