ကျူဘားတွင် အပြည်ပြည်ဆိုင်ရာ ဂျက်ဇ်ဂီတပွဲတော် ကျင်းပ

ကျူဘားတွင် အပြည်ပြည်ဆိုင်ရာ ဂျက်ဇ်ဂီတပွဲတော် ကျင်းပ

ဟာဗားနား၊ မေ ၁ ။             ။ ကျူဘားနိုင်ငံ ဟာဗားနားမြို့မှာ ဧပြီ ၃၀ ရက်က အပြည်ပြည်ဆိုင်ရာ ဂျက်ဇ်ဂီတပွဲတော်ကို ကမ္ဘာ့ ဂျက်ဇ်ဂီတအကျော်အမော်များနဲ့ အတူ ကျင်းပခဲ့ပါတယ်။

ဟာဗားနားမြို့ကို ဂျက်ဇ်ဂီတရဲ့ ကမ္ဘာ့ဗဟိုတစ်ရပ်အဖြစ် ပြောင်းလဲစေတဲ့ ဂီတပွဲတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး၊ စည်းလုံညီညွတ်မှုနဲ့ ယဉ်ကျေးမှုချင်း နားလည်ရေး ခေါင်းစဉ်အောက်ကနေပြီး Alicia Alonso Grand Theater ပြဇာတ်ရုံမှာ ခုဂျက်ဇ်ဂီတပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။

ပါဝင်ယှဉ်နွှဲကြတဲ့ နိုင်ငံတကာပညာရှင် ၅၀ ကျော်ထက်မနည်းဟာဆိုရင် ဂရမ်မီဆု ၆၀ ကျော် ရထားတယ်လို့ ဆိုပါတယ်။

ဂီတပွဲကို အမေရိကန်သရုပ်ဆောင် ဝီလ်စမစ်က တက်ရောက်ခဲ့ပြီး ဂျက်ဇ်ဂီတ မွေးဖွားခဲ့တာ ရာစုနှစ်ချီရှိနေပေမယ့် ယနေ့ခေတ်မှာ ဒီဂီတဟာ ငြိမ်းချမ်းရေး၊ ဆွေးနွေးညှိနှိုင်းမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် ကမ္ဘာ့အားတစ်ရပ်အသွင်လည်း ဖြစ်တည်နေပါပြီဟု ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly