မေ ၁၊ ဆွမ်ဆီး ။ ။ မန်ချက်စတာယူနိုက်တက်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် ရက်ရှ်ဖို့ဒ်သည် ပင်နယ်တီရရှိရန် ကွင်းလယ်ဒိုင် နေးလ် ဆွာဘရစ်ခ်ကိုလိမ်လည်လှည့်စားခဲ့သည်ဟု ဆွမ်ဆီးနည်းပြပေါလ်ကလီမန့်က ဝေဖန်လိုက်သည်။
ရက်ရှ်ဖို့ဒ်သည် ပွဲချိန်ပထမပိုင်းပြီးခါနီးတွင် ဆွမ်ဆီးဂိုးသမားဖေဘီယန်စကီးနှင့် ရင်ဆိုင်တွေ့စဉ် လဲကျသွားခဲ့ရာမှ ပင်နယ်တီရရှိ ခဲ့သည်။
ပင်နယ်တီကို ရွန်နီကသွင်းယူပြီး ယူနိုက်တက်ကိုဦးဆောင်စေခဲ့သော်လည်း ဆွမ်ဆီးဘက်မှ ဆစ်ဂတ်ဆန်က တည်ကန်ဘောကို တိုက်ရိုက်ကန်ပြီး ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။
“ခင်ဗျားတို့အနေနဲ့ ကစားသမားတွေကို ရိုးသားကြိုးစားပြီး အကောင်းဆုံးကစားစေချင်မှာဖြစ်ပြီး ဒီလိုအပြုအမူမျိုးကိုတော့ လုပ်ဖို့ မလိုပါဘူး။
ကစားသမားက ဒိုင်လူကြီးကို လှည့်စားသွားတာထပ်မြင်ခဲ့ရတယ်။ အရှင်းကြီးပါ။ ရင်ဆိုင်တွေ့ချိန်မှာ လဲကျသွားတာမျိုးတောင် မဟုတ်ဘူး။ မဖျက်ခင်ကတည်းက လဲကျသွားတာဖြစ်လို့ ဒိုင်က လှည့်စားခံရတာပါ”ဟု ကလီမန့်က ပြောသည်။
ယင်းပွဲရလဒ်အရ ဆွမ်ဆီးအသင်းသည် ပွဲကစားရန်သုံးပွဲကျန်သေးချိန်တွင် တန်းမဆင်းရမည့်နေရာနှင့် နှစ်မှတ်အကွာ၊ တန်းဆင်းဇုန်ထဲတွင် ရပ်တည်နေသည်။
Ref; BBC