ထရမ့်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား စကားပြောဆိုဆွေးနွေးရန် ၀ါရှင်တန်သို့ ဖိတ်ကြား

ထရမ့်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား စကားပြောဆိုဆွေးနွေးရန် ၀ါရှင်တန်သို့ ဖိတ်ကြား

ဧပြီ ၃၀ ။             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် စနေ့နေ့တွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးအား သူ၏မူးယစ်စစ်ပွဲ များအကြောင်း ဆွေးနွေးရန်နှင့် နှစ်နိုင်ငံကြား မဟာမိတ်ပြုသည့်အနေဖြင့် ၀ါရှင်တန်သို့လာရောက်လည်ပတ်ရန် ရင်းနှီးစွာဖိတ်ကြားခဲ့ကြောင်း အိမ်ဖြူတော်မှပြောကြားခဲ့သည်။

ဒူတာတေးသည် သူ၏ ရက်စက်လှသော မူးယစ်ဆေးဝါးဖြိုခွင်းရေး စစ်ပွဲကြောင့် နိုင်ငံတကာမှ ပြင်တင်ဝေဖန်မှု များနှင့် ရင်ဆိုင်နေရပြီး အဆိုပါဖြိုခွင်းမှုအတွင်း အသက်ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး လူသားချင်းစာနာမှု နှင့်ဆန့်ကျင်သော မှုခင်းများဖြစ်ပွားနေကြောင်း လူ့အခွင့်အရေးသမားများက သတိပေးနေကြသည်။

ပြီးခဲ့သောနှစ်က ၄င်းတို့သက်ဆိုင်ရာနိုင်ငံများ၏ သမ္မတရာထူးအတွက် ရွေးချယ်ခံခဲ့ရသော သူတို့နှစ်ဦးသည် ရင်းနှီးစွာ စကားပြောဆိုခဲ့ကြပြီး ဖိလစ်ပိုင်အစိုးရ၏ နိုင်ငံအတွင်း မူးယစ်ဆေးဝါးပပျောက်ရန် လုပ်ဆောင်နေ သော ကြိုးပမ်းချက်များနှင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြံုတွေ့နေရသော ဒေသတွင်းလုံခြံုရေးအပေါ် ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။

“သမ္မတထရမ့်ဟာ ဖိလစ်ပိုင်သမ္မတဒူတာတေးကို အိမ်ဖြူတော်သို့ လာရောက်ကာ ဖိလစ်ပိုင်နှင့် အမေရိကန် ပြည်ထောင်စုကြား အပေါင်းလက္ခဏာသို့ဦးတည်နေသော အရေးပါသည့် မဟာမိတ်ကိစ္စ ဆွေးနွေးရန်အတွက် ဖိတ်ကြားခဲ့ပါတယ်” ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း လွှမ်းမိုးမှုရရှိရန် အားစိုက်ကြိုးပမ်းနေသည့် အိမ်နီးချင်းနိုင်ငံများ သတိထားနေရ သော တရုတ်နိုင်ငံဘက်သို့ ချည်းကပ်ရန်ကြိုးပမ်းနေပြီး ကာလရှည်ကြာ မဟာမိတ်ဖြစ်ခဲ့သော အမေရိကန်တို့ နှင့် ဆက်ဆံရေးလျော့ပါးလာသော ဒူတာတေး၏ လုပ်ရပ်ကြောင့် အစောပိုင်းကာလတွင် စိုးရိမ်မှုများ ရှိခဲ့ကြ သည်။ ပြီးခဲ့သောနှစ်က ဒူတာတေးသည် သူ၏မူးယစ်ဆေးဝါးစစ်ပွဲကို ဝေဖန်ခဲ့သော အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားကို ကျိန်ဆဲခဲ့ဖူးသည်။

သို့သော်လည်း သမ္မတထရမ့်သည် ဒူတာတေးနှင့် ကောင်းမွန်စွာ စကားလက်ဆုံကျခဲ့ကြောင်းနှင့် လာမည့် နိုဝင်ဘာလတွင် ဖိလစ်ပိုင်၌ ကျင်းပမည့် အမေရိကန်-အာဆီယံ နှင့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly