ဧပြီ ၂၇၊ လန်ဒန်။ ။ စပါးအသင်းအနေဖြင့် ချယ်လ်ဆီးအသင်း၏ မည်သည့်ခြေချော်မှုမျိုးကိုမဆို အခွင့်ကောင်းအဖြစ် အသုံးချပြီး ဖလားလုရန်အသင့်ရှိ နေကြောင်း စပါးနည်းပြပိုချက်တီနိုက သတိပေးလိုက်သည်။
အာဂျင်တိုင်းနည်းပြ၏အသင်းမှာ ပရီးမီးယားလိဂ်ပွဲ ရှစ်ပွဲဆက်တိုက်အနိုင်ရထားသကဲ့သို့ အသင်း၏ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် အမှတ်အများဆုံးအဖြစ် ရ၄ မှတ်လည်း ပိုင်ဆိုင်ထားပြီဖြစ်သည်။
“ကျွန်တော်တို့ အာရုံစိုက်ထားတယ်ဆိုတာကိုပြဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ ပြိုင်ပွဲတွေမှာတိုးတက်လာဖို့နဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့ ခွန်အားစိုက်ခဲ့တယ်။
ပြီးခဲ့တဲ့နှစ်တုန်းကနေအများကြီးသင်ယူခဲ့ပြီးပြီဆိုတာကိုလည်း ပြနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက စိန်ခေါ်မှုကြီးဖြစ်ခဲ့လို့ အရေးပါပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကအသင်းဟာ ကစားပုံကောင်းခဲ့ပြီး စိန်ခေါ်မှုတွေလည်းလုပ်နိုင်ခဲ့တယ်။ ဒီရာသီမှာတော့ ပိုတိုးတက်လာပြီး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာတိုးတက်လာတယ်။
ကျွန်တော်တို့အသင့်ဖြစ်နေပြီဆိုတာ ပြနေတယ်။ ဒီရာသီမှာတိုက်ပွဲဝင်ဖို့အသင့်ပဲ၊ နောက်ရာသီဆိုပိုတောင်ကောင်းလာဦးမယ်” ဟု ပိုချက်တီနိုက ပြောသည်။
ပရီးမီးယားလိဂ်ပွဲစဉ်ငါးပွဲကစားရန်ကျန်သေးချိန်တွင် ချယ်လ်ဆီးနှင့် စပါးအသင်းတို့မှာ လေးမှတ်သာကွာသည့်အနေအထားတွင် ရပ်တည်နေသည်။Ref; Daily Mail