မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)ဖြစ်တဲ့ မန်စီးတီးနဲ့ ဒါဘီပွဲအတွက် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဟိုဆေးမော်ရင်ဟိုက ဆိုပါတယ်။
ပေါ့ဘာ ဒါမှမဟုတ် စပိန်ကစားသမား အန်ဒါဟာရဲရားတို့ဟာ အီတီဟတ်ကွင်းအတွက် ကြံ့ခိုင်မှု ပြည့်ဝမှုရှိ၊ မရှိ မေးမြန်းရာမှာ နည်းပြ မော်ရင်ဟိုက "ပေါလ် ပါဝင်နိုင်မှာ မဟုတ်ဘူးး၊ ဟာရဲရားတော့ ပါဝင်လာမှာပါ "လို့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားပါတယ်။
မော်ရင်ဟိုက ပေါ့ဘာဟာ ဒဏ်ရာရရှိ ခံစားနေသလား ဒါမှမဟုတ် ပွဲပန်းနေသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောဆိုပေမယ့် ပြင်သစ်ကစားသမားနည်းတူ စမောလင်း၊ ဖီးလ်ဂျုံးစ်နှင့် အီဘရာဟီမိုဗစ်တို့လည်း မန်စီးတီးနဲ့ ပွဲမှာ ပါဝင်ကစားနိုင်မဟုတ်ဘူးလို့ အတည်ပြုပြောဆိုပါတယ်။
ဒါပေမယ့် နောက်ခံလူ အန်တိုနီယို ဗလင်စီယာမှာ ပြန်လည်ပါဝင်လာလိမ့်မယ်လို့ သူက ထည့်သွင်းပြောဆိုသွားပါတယ်။
ဒေါ်လာ ၉၇.၁၇ သန်းတန် တန်ဖိုးရှိ ပေါ့ဘာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ တခြားကစားသမားတွေထက် ပေးပို့မှု အကြိမ်ပေါင်း (၂,၁၃၉) ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။
©EFE_EPA