Joo Sang Wook နှင့် Cha Ye Ryun တို့စုံတွဲသည် အစောပိုင်းတုန်းက လာမည့်မေလ၌ လက်ထပ်မည်ဖြစ် ကြောင်း အတည်ပြုခဲ့ပြီးနောက်တွင် ယခုအခါ မင်္ဂလာဆောင်မည့် ရက်အတိအကျနှင့် အသေးစိတ်အစီအစဉ် များကို ထပ်မံကြေညာခဲ့သည်။
သူတို့စုံတွဲသည် တစ်နှစ်ကြာခန့် လက်တွဲခဲ့ပြီးနောက်တွင် လာမည့်မေလ ၂၅ ရက်နေ့၌ လက်ထပ်မည်ဖြစ် ကြောင်း သိရသည်။
မင်္ဂလာရက်မတိုင်မီတွင် သူတို့နှစ်ဦးသည် မင်္ဂလာဓာတ်ပုံရိုက်ကူးရန်အတွက် ဟာဝိုင်အီသို့ လာမည့် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။
သူတို့နှစ်ဦးသည် “Glamorous Temptation” ဒရာမာဇာတ်လမ်းတွင် အတူတကွ တွဲဖက်သရုပ်ဆောင်ရင်း စတင်တွေ့ဆုံခဲ့ကြကာ လွန်ခဲ့သော ၂၀၁၆ ခုနှစ် မတ်လတွင် တရားဝင်ချစ်သူအဖြစ် စတင်လက်တွဲခဲ့ကြသည်။
Ref: Soompi