ဧပြီ ၂၃ ။ ။ ချီလီနိုင်ငံအလယ်ဗဟိုရှိ ကမ်းရိုးတန်းဒေသတွင် စနေနေ့အနှောင်းပိုင်း၌ ပြင်းအား ၅.၉ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောခဲ့ပြီး အပျက်အစီး စာရင်းများနှင့် ဒဏ်ရာ ရရှိသူ ဦးရေများကို ထုတ်ပြန်ကြေညာရခြင်း မရှိသေးကြောင်း ပြောခဲ့သည်။
အဆိုပါ လှုပ်ခတ်မှုသည် ဒေသစံတော်ချိန် ည ၁၁:၃၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဗယ်လ်ပါရိုင်ဆိုမြို့မှ အနောက်ဘက် ၄၂ ကီလို မီတာအကွာရှိ ကမ်းရိုးတန်းဒေသသို့ ဗဟိုပြုလှုတ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ အဖွဲ့၏ အဆိုအရသိရသည်။
ယင်းငလျင်သည် မြေအောက်အနက် ၉.၈ ကီလိုမီတာအကွာခန့်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ချီလီနိုင်ငံတော် အရေးပေါ်ဌာနမှ ယင်းငလျင်သည် ခန့်မှန်းချေအရ ရစ်ချ်တာစကေး ၆.၁ ပမာဏခန့်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ဆူနာမီဖြစ်ပေါ်လာနိုင်သည့် အလားအလာများလည်း ရှိကြောင်း သိရသည်။
သို့သော်လည်း ဟာဝိုင်အီ အခြေစိုက် ပစိဖိတ်ဆူနာမီ အရေးပေါ်သတိပေး စင်တာမှ ယခုအချိန်ထိ ဆူနာမီ သတိပေးချက်များ တရားဝင် မထုတ်ပြန်သေးကြောင်း သိရသည်။