ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့ သဖန်းပင်ဆိပ်အုပ်စု ကညွတ်ကွင်း ကျေးရွာတွင် ဧပြီ ၁၄ ရက် ညနေ ၆ နာရီက မိုးရွာသွန်းချိန် လေပြင်းတိုက်ပြီး အိမ်ခြေ ရလုံး ပျက်စီးခဲ့သည်။
"ခြောက်လုံးက အမိုးလန်တယ်။ တစ်လုံးကတော့ ယိုင်နဲ့နဲ့ဖြစ်သွားတယ်" ဟု ပေါင်းတည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဆိုသည်။
ဧပြီ ၁၅ ရက် နံနက်ပိုင်းတွင် အစိုးရဌာနဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင််သွားမည်ဟု ၎င်းကပြောသည်။
လေပြင်းတိုက် မိုးရွာသွန်းချိန်တွင် ပေါင်းတည်မြို့ပေါ်၌ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ပြီး ရန်ကုန်-ပြည်လမ်းမပေါ်တွင်လည်း သစ်ပင်သစ်ကိုင်းများကျိုးကျခဲ့ကြောင်း သိရသည်။