ပေါ့ပ်ကြယ်ပွင့် ဂျာနက်ဂျက်ဆန်သည် သားဦးလေးမွေးဖွားပြီး သုံးလအကြာ၌ ခင်ပွန်းဖြစ်သူ ကာတာစီးပွားရေး သမားနှင့် ကွာရှင်းပြတ်စဲခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
People မဂ္ဂဇင်း၊ US Weekly နှင့် Entertainment Tonight တို့ကဲ့သို့သော နာမည်ကျော် သတင်းဌာနများက အသက် ၅၀ အရွယ်ရှိ ဂျက်ဆန်သည် ၀တ်ဆမ်အယ်လ်မာနာနှင့်အတူ အိမ်ထောင်သက် ၅ နှစ်တာ အကြာ၌ ကွာရှင်းပြတ်စဲခဲ့ကြောင်း အတည်ပြုခဲ့ကြသည်။
သူမ၏ ကိုယ်စားလှယ်များကမူ ကွာရှင်းပြတ်စဲသည့် သတင်းအား အတည်ပြုရန် ငြင်းဆန်ခဲ့ကြသည်။
ဂျက်ဆန်သည် ပြီးခဲ့သော ဇန်နဝါရီလက သားဦးလေးတစ်ဦးဖွားမြင်ခဲ့ပြီး သူမတို့ဇနီးမောင်နှံက ကလေးငယ်ကို 'အီဆာ' ဟု အမည်ပေးခဲ့ကြသည်။
ဂျက်ဆန်နှင့် ၄၃ နှစ်အရွယ် အယ်လ်မာနာတို့သည် ပြီးခဲ့သော ၂၀၁၂ က လက်ထပ်ခဲ့ကြပြီး မိသားစုဘဝကို ထူထောင်ခဲ့ကြသည်။
ဂျာနက်ဂျက်ဆန်သည် နာမည်ကျော် ဂျက်ဆန်မိသားစုထဲ၌ အငယ်ဆုံး သမီးမိန်းကလေးဖြစ်ကာ ယခင်က အိမ်ထောင် နှစ်ဆက်ကျခဲ့ဖူးပြီး ၁၉၈၀ ခုနှစ်များက Soul အဆိုတော် ဂျိမ်းစ်ဒီဘာဂီနှင့် တစ်ကြိမ်၊ အကသမား ရီနီအယ်လီဇွန်ဒို နှင့်အတူ ၁၉၉၁ မှ ၂၀၀၀ခုနှစ်ထိ တစ်ကြိမ် အိမ်ထောင်ကျခဲ့ဖူးသည်။