ဗန်းမောက် ၊ ဧပြီ ၈ ရက် ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ဗန်းမောက်မြို့နယ် စက်တောအုပ်စု၊ စက်တောကျေးရွာတွင် ကဒူးလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အဆို အက အတီးပြိုင်ပွဲအား မေလတွင် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။
အရှင်ကိတ္တိသာရ လမ်းညွှန်တိုက်တွန်းမှုဖြင်ပွဲဖြစ်မြောက်ရေးဗဟိုကော်မတီမှကြီးမှူး၍ ကသာမြို့နယ် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်တို့တွင်နေထိုင်ကြသော ကဒူးတိုင်းရင်းသား လူငယ်များ၏ရိုးရာယဉ်ကျေးမှုအဆို အက အတီး ပြိုင်ပွဲကို မေလ ၄ ရက်မှ ၁၀ ရက်အထိ ရရက် ပြုလုပ်ကျင်းပမည်ဖြစ်သည်။
သံဃဒါနဆွမ်းကြီးလောင်းပွဲ ကဆုန်ညောင်ရေသွန်းလောင်းပွဲတို့နှင့် တွဲဖက်၍ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဗျောတီးပြိုင်ပွဲ ၊ ဒိုးပတ်ပြိုင်ပွဲ၊ ကဒူးရိုးရာနောက်ပိုးအကပြိုင်ပွဲ (အမျိုးသားတဦးမှကညာပျိုကိုကျောပိုးထားသည်ဟန်ဖြင့် ယှဉ်ပြိုင်ကပြခြင်း) ၊ ရိုးရာအကပြိုင်ပွဲ(ယိမ်းအက ) ၊ ကဒူးတိုင်းရင်း သားရိုးရာအကပြိုင်ပွဲ (ဘယ်မြို့သူ တုလို့မရနိုင်တယ် သီချင်းဖြင့် ဗျောတီးသီဆိုကာ မိန်းကလေး ၃၀ ခန့် ကျေးရွာအလိုက် ၊ အုပ်စုအလိုက် ယှဉ်ပြိုင်ခြင်း) အဆ်ိုပြိုင်ပွဲ၊ ( မြန်မာသံဖြင်သီဆိုမှု ၊ ကဒူးသံဖြင်သီဆိုမှု)တိ့ု ပါဝင်သည်။
ကဒူးလူမျိုးမှာလည်း မော်ခွင်ကဒူး၊ သက်ခါးကဒူးဟူ၍လူမျိုးစုရှိကြောင်း ၊ ကဒူးလူမျိုးရွာပေါင်း ၃၇ ရွာရှိပြီးလက်ရှိ လူဦးရေ ၁သိန်းကျော်ခန့်ရှိကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကသာမြို့နယ်၊ အင်းတော်မြို့နယ် ၊ ပင်လယ်ဘူးမြို့နယ် အခြားနေရာအနှ့ံအပြားတွင် ရောက်ရှိနေကြသော ကဒူးတိုင်းရင် းသားများအားလုံးကို တစုတစည်းတည်းဖြစ်စေရန်၊ တိမ်မြှုပ်ပျောက်ကွယ်နေသော ကဒူးတိုင်းရင်းသားရိုးရာယဉ် ကျေးမှုများပြန်လည်ထွက်ပေါ်လာစေရန်၊ ကဒူးတိုင်းရင်းသားရိုးရာယဉ်ကျေးမှုများမြန်မာနှင့် ကမ္ဘာ့အလယ်သို့ ထိုးဖောက်ဝင်ရောက်လာစေရန် ဖြစ်သည်ဟု ရိုးရာယဉ်ကျေးမှုပွဲဖြစ်မြောက်ရေးကော်မတီမှ အရှင်ကိတ္တိရက မိန့်သည်။
ပြိုင်ပွဲဝင်လိုသူ ကဒူးတိုင်ရင်းသားများအနေဖြင့် လာမည့် ဧပြီလ ၁၁ ရက်နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စာရင်းပေးသွင်းရာတွင် ရွာအမည်နှင့် ယှဉ်ပြိုင်မည့်ပြိုင်ပွဲခေါင်းစဉ် အဖွဲ့အမည် ၊ အဖွဲ့ခေါင်းဆောင် အမည်၊ ဖုန်းနံပတ် ၊ ပြိုင်ပွဲဝင်တို့၏အမည်၊ အသက်အရွယ်တို့ လိုအပ်ကာ ပြိုင်ပွဲဝင်များကို ပွဲတော်ကာလအတွင်း စရိတ်ငြိမ်းပွဲ စီစဉ်ပေးမည်ဟု သိရသည်။