လာ့စ်ဗီးဂတ်စ်မြို့၌ လေးရက်တာကျင်းပခဲ့သော ရုပ်ရှင်အနုပညာပြသပွဲ ဖြစ်သည့် CinemaCon ၌ မကြာခင် ထွက်ရှိတော့မည့် ဇာတ်ကားများဖြစ်သော Warner Bros မှ ထုတ်လုပ်သည့် Wonder Woman နှင့် Blade Runner 2049 ဇာတ်ကားများကို ပွဲထုတ်မိတ်ဆက်ခဲ့သည်။
၁၉၈၂ ခုနှစ်ကထွက်ရှိခဲ့သော Blade Runner ၏ အဆက်ဖြစ်သည့် Blade Runner 2049 တွင် ပါ၀င်ထား သော အော်စကာဆုအတွက်လျာထားခံခဲ့ရသည့် မင်းသားရိုင်ယန်ဂေ့ါစ်လင်းသည်လည်း အဆိုပါအခမ်းအနား သို့ အခြားအနုပညာရှင် ကြယ်ပွင့်များနည်းတူ တက်ရောက်ခဲ့သည်။
“ဒီရုပ်ရှင်ထဲမှာ ပါ၀င်ရတဲ့အတွက် ကံကောင်းတယ်လို့ ကျနော်ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ကားဟာ အထင်ကရဇာတ်ကားဖြစ်ပြီး ကျနော့်အပေါ် လွှမ်းမိုးမှုရှိလို့ပါ” ဟု ရိုင်ယန်ဂေ့ါစ်လင်းက ပြောခဲ့သည်။ အဆိုပါ ဇာတ်ကားကို Warner Bros နှင့် Sony တို့မှ တင်ဆက်ထားပြီး ယခုနှစ် အနှောင်းပိုင်းတွင် ပြသရန် ရည်ရွယ် ထားသည်။
အခြားပွဲထုတ်မိတ်ဆက်ခဲ့သော ရုပ်ရှင်များမှာ DC ရုပ်ပြကို အခြေခံရိုက်ကူးထားသော အစ္စရေးမင်းသမီး ဂယ်လ်ဂါဒေါ့ ဦးဆောင်ပါ၀င်ထားသည့် Wonder Woman နှင့် ဒါရိုက်တာ ဂိုင်းရစ်ချီရိုက်ကူးထားသော King Authr: Legend of the Sword တို့ဖြစ်ကြသည်။
ဟောလိ၀ုဒ်ရုပ်ရှင်စတူဒီယိုများသည် ရုပ်ရှင်လုပ်ငန်းထဲသို့ မကြာခင် ရောက်ရှိလာတော့မည့် ဇာတ်ကားများကို ပွဲထုတ်မိတ်ဆက်ခြင်း အစီအစဉ်အား လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
Ref: Reuters