အင်းတော်မြို့နယ်အတွင်း ပိုင်ရှင်မဲ့ တရားမဝင်သစ်များသိမ်းဆည်းရမိ

အင်းတော်မြို့နယ်အတွင်း ပိုင်ရှင်မဲ့ တရားမဝင်သစ်များသိမ်းဆည်းရမိ

မတ် ၂၆ ရက် နံနက်က စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းဖြင့် နယ်မြေလုံခြံုရေး ညောင်ပင်ဆိပ်ကျေးရွာအနီး ပိုင်ရှင်မဲ့ တရားမဝင်ကျွန်းသစ်လုံးဆိုဒ်စုံ ၅၉လုံးခန့် သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သိမ်းဆည်းရမိသည့် သစ်များမှာ ခန့်မှန်းချေ ၁၄ ဒသမ ၈တန်ခန့်ရှိမည်ဟု ဆိုသည်။

မတ် ၂၇ ရက် နံနက်ကလည်း အဆိုပါ အင်းတော်မြို့နယ် မော်လူးကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌ ပိုင်ရှင်မဲ့သ တရားမဝင်ကျွန်းသစ်လုံးဆိုဒ်စုံ ရ၁ လုံး(ခန့်မှန်း ၁၀ တန်ခန့်)ကိုထပ်မံသိမ်းမိကြောင်း ထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိတရားမဝင်သစ်များအား အင်းတော်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly