ယူရိုပါလိဂ်သည် မန်ယူအသင်းချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးအခွင့်အရေးဟု ဖာဂူဆန်ယူဆ

ယူရိုပါလိဂ်သည် မန်ယူအသင်းချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးအခွင့်အရေးဟု ဖာဂူဆန်ယူဆ

မတ် ၂၈၊ မန်ချက်စတာ။             ။ ယူရိုပါလိဂ်ဖလားသည် လာမည့်ရာသီမန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရရန်အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်ဟု ဖာဂူဆန်က ဝန်ခံပြောဆိုသည်။

ယူနိုက်တက်သည် ထိပ်သီးလေးသင်းဝင်ရန်အတွက် မည်သည့် အာမခံချက်မှမရှိဘဲ ပရီးမီးယားလိဂ်အဆင့် ၅ နေရာတွင် ရပ်တည်နေချိန်တွင် မော်ရင်ဟို၏ အသင်းယူရိုပါလိဂ်တွင် တစ်ဆင့်ပြီးတစ်ဆင့် တက်နေခြင်းကို ဖာဂူဆန်က အသိအမှတ်ပြုခဲ့ ခြင်းဖြစ်သည်။

“အဲဒီဖလားက အခုသိပ်အရေးကြီးနေပါပြီ။ ဗိုလ်စွဲရင် ချန်ပီယံလိဂ်ဝင်ခွင့်ရပါပြီ။ ပရီးမီးယားလိဂ်မှာတော့ ချယ်လ်ဆီးရဲ့နောက်မှာ အပြင်းအထန်ပြိုင်ရမှာပါ။

စပါး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ ကျွန်တော်တို့ရှိနေလို့ ထိပ်သီးလေးသင်းထဲရောက်ဖို့ မလွယ်ပါဘူး။ ထိပ်သီးလေးသင်းထဲ ဝင်ချင်ဝင်နိုင်ပေမယ့် ယူရိုပါလိဂ်ဖလားကသာ တကယ့်အခွင့်အလမ်းကောင်းလို့ ကျွန်တော်မြင်ပါတယ်။

အကြောင်းပြချက်တွေထဲမှာ တစ်ခုက ကျွန်တော်တို့ယူရိုပါလိဂ်တစ်ခါမှ မရဖူးဘူး။ အဲဒီပြိုင်ပွဲမှာ များများမပြိုင်ဖူးဘူး။ တစ်ကြိမ် လား၊ နှစ်ကြိမ်လားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ဆုဖလားစာရင်းမှာ ထပ်ပေါင်းထည့်နိုင်ဖို့ အခွင့်ကောင်းလို့ ထင်တယ်”ဟု ဖာဂူဆန်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly