မက်ဒယ်ဂျင်းမြို့ရှိ မူးယစ်ရာဇာ ပါဘလိုအက်စ်ကိုဘား၏ အုတ်ဂူသို့ သွားရောက်လည်ပတ်ခဲ့သည့် ဓာတ်ပုံများ ကို လူမှုမီဒီယာ၌ တင်ခဲ့မှုကြောင့် အမေရိကန် ရက်ပ်အဆိုတော် Wiz Khalifa သည် ကိုလံဘီယာပြည်သူများ၏ ဒေါသနှင့် ရင်ဆိုင်နေရသည်။
အက်စ်ကိုဘားသည် ကိုလံဘီယာနိုင်ငံ၌ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ ပြီး လာဘ်ထိုးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် သူ၏ လမ်းကြောင်း၌ တားဆီးသူမှန်သမျှကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့သည်။
ကိုလံဘီယာမြို့တော် မက်ဒယ်ဂျင်းမြို့၏ မြို့တော်ဝန်ဖြစ်သူ ဖက်ဒရီကိုဂူတီရာရက်ဇ်က Wiz Khalifa သည် ရာဇဝတ်မှုကို ထောက်ခံအားပေးပုံပေါက်သော သူ၏ လုပ်ရပ်အတွက် တောင်းပန်သင့်ကြောင်း ပြောခဲ့သည်။ သူက အဆိုတော် Wiz Khalifa သည် အက်စ်ကိုဘား၏ အကြမ်းဖက်မှုကို ခံစားခဲ့ရသော သူတွေအတွက်သာ ပန်းစည်းများကို ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယူဆောင်လာခဲ့သင့်ကြောင်း ပြောခဲ့သည်။
ပြီးခဲ့သော သောကြာနေ့တွင် မက်ဒယ်ဂျင်းမြို့၌ သီချင်းဆိုဖျော်ဖြေခဲ့သော ၂၉ နှစ်အရွယ်ရှိ Wiz Khalifa သည် ပက်ဘလိုအက်စ်ကိုဘား၏ အုတ်ဂူ၌ ပန်းစည်းများနှင့် ဆေးခြောက်ပါသော စီးကရက်ကို တင်ထားခဲ့သော ပုံများအား လူမှုမီဒီယာသို့ တင်ခဲ့သည်။
ပါဘလိုအက်စ်ကိုဘားနှင့် မက်ဒယ်ဂျင်းမြို့မှ သူ၏စီးပွားဖက်များသည် လူပေါင်း ၁၀၇ ဦးကို တင်ဆောင်လာ သော လေယာဉ်အား ဗုံးထောင်ခဲ့ခြင်းအပါအဝင် လူပေါင်း ၄၀၀၀ခန့်အား သတ်ဖြတ်ခဲ့မှုတို့ကို ကျူးလွန်ခဲ့မှု အတွက် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
Ref: BBC