မတ် ၂၇၊ နယ်သာလန်။ ။ နယ်သာလန်လက်ရွေးစင်အသင်းသည် အသင်းကိုနှစ်နှစ်ကြာကိုင်တွယ်လာသည့် နည်းပြချုပ်ဒန်နီဘလိုင်းကို ရာထူးမှထုတ် ပယ်လိုက်သည်။
စနေနေ့တွင် ဘူလ်ဂေးရီးယားအသင်းကို ၂-၀ ဂိုးဖြင့်ရှုံးပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ဝက်ကျိုးချိန်တွင် နယ်သာလန်အသင်း အုပ်စုစတုတ္ထနေရာရောက်သွားပြီးနောက် နည်းပြကိုထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ်ဒန်နီဘလိုင်းသည် ၂၀၁၅ ခုနှစ်တွင် ဟစ်ဒင့်လက်ထဲမှ နယ်သာလန်အသင်းကို လွှဲပြောင်းကိုင်တွယ်ခဲ့ သော်လည်း ပြင်သစ်တွင်ကျင်းပသော ပြီးခဲ့သည့်နှစ်ဥရောပဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပေ။
မကြာသေးခင်ကရလဒ်များကြောင့် ရုရှကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ရန် ခဲယဉ်းသွားပြီဖြစ်ကြောင်း နယ်သာလန် ဘောလုံးအဖွဲ့ချုပ်က ကြေညာသည်။
အင်္ဂါနေ့တွင် အီတလီအသင်းနှင့်ရင်ဆိုင်ရမည့် နယ်သာလန်အသင်းကို ယာယီနည်းပြအဖြစ် ဖရက်ဒ်ဂရင်က တာဝန်ယူမည် ဖြစ်သည်။
Ref; BBC