ဘာစီလိုနာကို ဂျူဗင်တပ်အနိုင်ရလိမ့်မည်ဟု ဗာရတ်တီထောက်ခံ

ဘာစီလိုနာကို ဂျူဗင်တပ်အနိုင်ရလိမ့်မည်ဟု ဗာရတ်တီထောက်ခံ

မတ်၂၆၊ ပဲရစ်။           ။ ပီအက်စ်ဂျီကွင်းလယ်ကစားသမားဗာရတ်တီက ချန်ပီယံလိဂ်တွင်၎င်းတို့အသင်းရှုံးခဲ့ရသည့် ဘာစီလိုနာကို ဂျူဗင်တပ်အသင်း အနိုင်ယူနိုင်လိမ့်မည်ဟု   ထောက်ခံပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်သမိုင်းတွင်ခဲ့သည့် ဘာစီလိုနာကပီအက်စ်ဂျီကိုနှစ်ကျော့ပေါင်း ၆-၅ ဂိုးဖြင့်အနိုင်ရသော ချန်ပီယံလိဂ်-၁၆ သင်း အဆင့်ပွဲစဉ် နှစ်ကျော့စလုံးတွင် အီတလီကွင်းလယ်ကစားကွက်ဖန်တီးရှင် ဗာရတ်တီကစားခွင့်ရခဲ့သည်။

ပေါ်တိုကို နှစ်ကျော့ပေါင်း ၃-၀ ဂိုးဖြင့်ကျော်ဖြတ်လာသည့် ဂျူဗင်တပ်သည် ကွာတားတွင် ဘာစီလိုနာနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၄ ပွဲဆက်ရှုံးပွဲမရှိသေးသည့် မိခင်နိုင်ငံမှချန်ပီယံကလပ်အသင်းအနေဖြင့် ပြည်တွင်းအမှတ်ပေးပွဲ၊ ဖလားပွဲနှင့် ချန်ပီယံလိဂ်ဖလားတို့ရယူရေးအတွက် ခရီးဆက်နိုင်ဦးမည်ဟု ဗာရတ်တီက ပြောသည်။

သောကြာနေ့တွင် အီတလီက အယ်လ်ဘေးနီးယားကို ၂-၀ ဂိုးဖြင့်အနိုင်ရပြီးနောက် ဗာရတ်တီက “လက်ရှိရာသီမှာ ခြေစွမ်း အများကြီးတိုးတက်လာတဲ့ ဂျူဗင်တပ်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်းကောင်းနေပါတယ်”ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly