မတ် ၂၆၊ ဘာစီလိုနာ။ ။ ဘာစီလိုနာသည် အသင်း၏ ကစားသမားနှင့်နည်းပြဟောင်းယိုဟန်ခရိုက်ဖ်ကို နူးကမ့်တွင်ရုပ်တုထားရှိကာ ဂုဏ်ပြုမည်ဖြစ်သည်။
အရန်အသင်းအတွက်တည်ဆောက်နေသည့်ကွင်းကိုလည်း ယင်းနယ်သာလန်လက်ရွေးစင်ဟောင်း၏ အမည်ပေးဦးမည်ဖြစ် သည်။
အသက် ၆၈ နှစ်အရွယ်တွင်ကွယ်လွန်သွားသည့် ယိုဟန်ခရိုက်တစ်နှစ်ပြည့်ပြီး နောက်တစ်ရက်တွင် ဘာစီလိုနာအသင်းက ယင်းအစီအစဉ်ကို ကြေငြာလိုက်ခြင်းဖြစ်သည်။
ခရိုက်ဖ်သည် ၁၉၉၂ တွင် ဘာစီလိုနာအသင်း၏ပထမဆုံး ဥရောပဖလားအပါအဝင် အသင်းနှင့်အတူ ကစားသမားဘဝ၊ နည်းပြဘဝ စုစုပေါင်းဖလား ၁၃ လုံးရရှိခဲ့သည်။
ဘာစီလိုနာအသင်းဆုဖလားပြတိုက်တွင်ပြုလုပ်မည့် ယိုဟန်ခရိုက်ဖ်ပြပွဲအတွက် ဖခင်ဖြစ်သူဝတ်ဆင်ခဲ့သည့် ဘာစီလိုနာဂျာစီ ကိုးထည်၊ ၁၉၇၄ ခုနှစ် ဘလွန်းဒီအော်ဆုတို့ကို လှူဒါန်းသွားမည်ဟု သားဖြစ်သူ ယော်ဒီကပြောသည်။
Ref; BBC