မတ် ၂၆ ။ ။ လူရှုပ်ထွေးလျက်ရှိနေသော လာ့စ်ဗီးဂတ်စ်လမ်းမြှောင်အတွင်း၌ သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ ပြီး အခြားတစ်ဦးဒဏ်ရာရရှိခဲ့ကာ သေနတ်ပစ်ခတ်ခဲ့သော သေနတ်သမားသည် ဘတ်စ်ကားတစ်စီးထဲ၌ ပိတ်မိ နေပြီး ရဲများက ယင်းဘတ်စ်ကားကို ၀ိုင်းထားကြောင်း ပြီးခဲ့သော စနေနေ့တွင် သတင်းများက ဖော်ပြခဲ့သည်။
လာ့စ်ဗီးဂတ်စ်တောင်ပိုင်း အရပ်ရှိ လမ်းမကြီးအား ဘတ်စ်ကားတစ်စီးပေါ်၌ ပိတ်မိနေသော အကြောင်းကိစ္စ တစ်ခုကြောင့် ဆက်လက်ပိတ်ဆို့ထားပြီး ထိုနေရာအား ရှောင်ကွင်းသွားကြရန် ရဲဌာနမှ တွစ်တာမှတဆင့် ကြေညာခဲ့သည်။
ဝေဟမှ ရိုက်ကူးသော ဓာတ်ပုံများအရ ရဲများသည် နှစ်ထပ်ဘတ်စ်ကားတစ်စီးကို ၀ိုင်းထားပြီး မျက်မြင်သက် သေများ၏ အဆိုအရ ရဲများသည် အသံချဲ့စက်များကို အသုံးပြုကာ ကားထဲရှိ သေနတ်သမားနှင့် ညှိုနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
“သေနတ်ပစ်ခတ်မှုဟာ ဘတ်စ်ကားပေါ်မှာ ဖြစ်ပွားခဲ့တာပါ” ဟု လာ့စ်ဗီးဂတ်စ် မြို့ပြရဲဌာနမှ ပြောရေးဆိုခွင့်ရှိ သူ လာရီဟတ်ဖီးလ်က ပြောခဲ့သည်။ သေနတ်ပစ်ခတ်မှုအတွင်း လူနှစ်ဦး ကျည်ဆန်မှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ ကာ ကျန်တစ်ဦးကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း သူက ဆက်ပြောခဲ့သည်။
ဒါ့အပြင် အခင်းဖြစ်ပွားရာနှင့် အနီးအနားမှ လက်ဝတ်ရတနာဆိုင်အား ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီး သေနတ်ပစ် ခတ်သံများ၊ လက်ဝတ်ရတနာထည့်ထားသော မှန်ခုံများ ကွဲကြေသံကို ကြားခဲ့ရကြောင်း မျက်မြင်သက်သေများ က ပြောခဲ့ကြသည်။
ဘတ်စ်ကားအတွင်းရှိ သေနတ်သမားသည် အနီးရှိ လက်ဝတ်ရတနာဆိုင်အား ဖောက်ထွင်းခဲ့သော ဓားပြများ ထဲမှ တစ်ဦးဖြစ်သလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် ဓားပြများသည် တရိစ္ဆာန်မျက်နှာဖုံး များကို ၀တ်ဆင်ထားခဲ့ကြောင်း သိရသည်။
ဖောက်ထွင်းမှု၌ သံသယရှိရသူများသည် အမဲရောင်ဝတ်စုံ သို့မဟုတ် ညစားစားရာတွင် ၀တ်သောဝတ်စုံကို ၀တ်ဆင်ထားကြောင်း ရဲမှူးကြီး ကားလို့စ်ဟန့်ခ်က ပြောခဲ့သည်။ “ရုပ်ရှင်ထဲကအတိုင်းပါပဲ။ တကယ့်ကို ရူးကြောင်ကြောင်နိုင်လှပါတယ်” ဟု သူကပြောခဲ့သည်။