မတ် ၂၂ ။ ။ ယမန်နှစ် ၂၀၁၆ မတ်လ ၂၂ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုြုဖစ်စဉ်တွေမှာ သေဆုံးခဲ့ရသူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားတစ်ရပ် ကို ယနေ့ မတ်လ ၂၂ ရက်က ဘရက်ဆဲလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်း တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ သေဆုံးခဲ့ကြရသူတွေကို သတိရအောက်မေ့တဲ့အနေနဲ့ အခမ်းအနားတက်ရောက်လာသူတွေဟာ တစ်မိနစ်ကြာ ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။
အဆိုပါ ၀မ်းနည်းခြင်း အခမ်းအနားကိုတော့ ဘယ်လ်ဂျီယံ ဘုရင် ဖိလစ် ကိုယ်တိုင်ဦးဆောင်တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ သေဆုံးသွားကြရသူတွေအတွက် ရည်စူးတဲ့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကိုလည်း ဘရက်ဆဲလ်လေဆိပ်အနီးမှာ ထားရှိဖွင့်လှစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ယမန်နှစ်က ဘရက်ဆဲလ်လေဆိပ်နဲ့ မြေအောက်ဘူတာရုံတစ်ခုတို့မှ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုသုံးခုကြောင့် လူပေါင်း ၃၂ ဦးအထိ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ အခြား ၃၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ခဲ့ပါတယ်။