ကမ္မ၊ မတ်လ ၂၂ ။ ။ သာကြီးတောင် နှင့် စံပယ်ရေနံမြေမှ ရရှိသော အမြတ်ငွေ၏ ၂ ရာခိုင်နှုန်းကို ဒေသလိုအပ်ချက်များတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မတ်လ ၂၂ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္မမြို့၏ ရပ်ကွက် အမှတ် ၆ မှ ၁၂ အထိ စုစုပေါင်း ၆ ရပ်ကွက်အတွက် လိုအပ်သော ဓာတ်မီးတိုင် ၁၉၈ တိုင်နှင့် မီးကြိုး ၃၃၅၈၉ ပေ အပါအဝင် ဆက်စပ်ပစ္စည်းများ တန်ဖိုးငွေ (၄၂၂၀၀၉၂၁) သိန်း အား လှူဒါန်းပေးအပ်ခဲ့သည်။
ယနေ့ မတ်လ ၂၂ ရက်၊ နံနက် ၉နာရီ အချိန်တွင်ကမ္မမြို့ အ.ထ.က.ကမ္မ ကျောင်းဝန်းအတွင်း လှူဒါန်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရေနံနှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများမှာ ရေနံပိုက်လိုင်းပေါက်မှု ၊ ဂက်စ်စိမ့်ထွက်မှုတွေရှိခဲ့သည့် အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများလည်း ရှိနိုင်မှုကြောင့် တာဝန်သိမှုတစ်ရပ်အနေနဲ့ ပြန်လည်လှူဒါန်းမှုတစ်ရပ် ပြုခဲ့သည်ဟု နြ်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။
ယခု လှူဒါန်းငွေသည် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် သာကြီးတောင် စံပယ်ရေနံမြေမှ ရေနံနှင့်သဘာဝဓာတ်ငွေ့အမြတ်ငွေ ၂%ကို လှူဒါန်းခြင်းဖြစ်ကြောင်း သာကြီးတောင်_ စံပယ်ရေနံမြေမှ အထွေထွေမန်နေဂျာ ဦးလှထွန်း (အငြိမ်းစား) ပြောသည်။
လှူဒါန်းပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပခုက္ကူမြို့ကျေးလက်ဦးစီးဌာနဦးစီးမှူး ဒေါ်ကြည်ကြည်မာ ၊ ကမ္မမြို့အုပ်ချုပ်ရေးမှူးဦးမင်းသက်ခိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။