မတ်လ ၁၂ ။ ။ ယခုနှစ်တွင်ပေးအပ်မည့် အလယ်ရိုးမကဗျာဆု (၂၀၁၆)ကို ဆရာသားဦး၏ "ကိုယ့်အသိထဲက သူစိမ်းတစ်ယောက်" ကဗျာမှ ရရှိသွားကြောင်း ဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။
အလယ်ရိုးမကဗျာဆုအား ၂၀၁၆ ခုနှစ် အတွင်းထွက်ရှိထားသော ကဗျာစာအုပ်၊ မဂ္ဂဇင်းကဗျာများထဲမှ ဆန်ခါတင် ၅ ပုဒ်အား ရွေးချယ်ပြီး ဆုရေးချယ်ရေးအဖွဲ့ဝင် (၁၂)ဦးက အမှတ်ပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အမှတ်အများဆုံးရရှိသောကဗျာအား အလယ်ရိုးမ ကဗျာဆုအဖြစ် ပေးအပ်ချီးမြှင့်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာအောင်နှင်းသစ်က ပြောသည်။
ဆန်ခါတင်ကဗျာများအဖြစ် မောင်သိန်းဇော်၏ "အခင်းဖြစ်ပွားစဉ်" ၊ ခိုင်မြဲကျော်စွာ၏ " သတင်းပေးတွေ ဆောက်တစ်လက်နဲ့ နေ့ရယ်ညရယ်ခြစ်ယူသွားခဲ့ပြီးတိုင်အောင်"၊ စိုင်းဝင်းမြင့်၏ "ခုနှစ်စင်ကြယ်" ၊ ဝေးခေါင်၏ "ငုံးအိမ်ကျူလ" ၊ သားဦး၏ "ကိုယ့်အသိထဲက သူစိမ်းတစ်ယောက်" ကဗျာများပါဝင်ခဲ့ကြောင်း သိရသည်။
အလယ်ရိုးမကဗျာဆုပေးပွဲကို မတ်လ ၂၁ ရက်၊ ကဗျာဆရာ မောင်သင်းခိုင် ၏ ရ၇ နှစ်ပြည့်မွေးနေ့(ကမ္ဘာ့ကဗျာနေ့)တွင် ပျဉ်းမနားမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အလယ်ရိုးမကဗျာဆုအား ၂၀၀၂ ခုနှစ်ကစတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးဆုရှင်အဖြစ် နေမျိုး၏ "ခဲတံတစ်ချောင်းရဲ့ ရယ်သံ "ကဗျာမှရရှိခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာအောင်နှင်းသစ်က မဇ္စျိမသို့ ပြောသည်။
မြန်မာကဗျာလောကတွင် အလယ်ရိုးမကဗျာဆု၊ အနောက်ြမာက်လွင်ပြင်ကဗျာဆုတို့မှာ ထင်ရှားပြီး နှစ်စဉ် ဆုပေးအပ်လျက်ရှိကြောင်း သိရသည်။