လီဗာပူးလ်အသင်းချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားနိုင်သည်ဟု နည်းပြ ကလော့ပ် ၀န်ခံ

လီဗာပူးလ်အသင်းချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားနိုင်သည်ဟု နည်းပြ ကလော့ပ် ၀န်ခံ

မတ် ၁၂၊ အင်္ဂလန် ။            ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်က ၎င်းတို့အသင်းအနေဖြင့် ယခုနှစ်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားနိုင်သည်ဟု ၀န်ခံပြောဆိုလိုက်သည်။

ဘန်လေနှင့်ပွဲမကစားခင်အချိန်အထိ လီဗာပူးလ်အသင်းသည် ရမှတ် ၅၂ မှတ်ဖြင့် အဆင့်လေးနေရာတွင် ရပ်တည်နေသည်။ အဆင့် ၅ မှ အာဆင်နယ်နှင့် အဆင့် ၆ မှ မန်ယူအသင်းတို့ထက် တစ်ပွဲပိုကစားထားပြီး အာဆင်နယ်ထက် ၂ မှတ်၊ မန်ယူထက် ၃ မှတ် အသာရနေသည်။

'လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ တွေးသင့်ပါတယ်။ ၀င်ခွင့်မရခဲ့ရင်တော့ စိတ်ပျက်စရာ ဖြစ်လာမှာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်က ဆုံးရှုံးသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်တွေအားလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်နိုင်စွမ်းရှိကြလို့ပါ။ အဆင့်လေးအတွင်းဝင်ဖို့ ဘယ်အသင်းကြီးမှ အာမခံချက်မရှိပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်က အဆင့်လေးအတွင်းမှာ ရှိနေပေမယ့် နောက်တစ်ပတ်မှာ အဆင့်လေးအပြင် ပြန်ရောက်ချင်ရောက်သွားတာပါ။ ပြိုင်ပွဲပြီးဆုံးဖို့ ပွဲတွေအများကြီးကစားရပါဦးမယ်။

ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့အတွက် အကြီးမားဆုံးရည်မှန်းချက်ပါ။ ၀င်ခွင့်ရဖို့အတွက် ဘာမဆို ပြုလုပ်သွားမှာပါ' ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly