မြိတ် မတ်လ ၆ ။ ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို ့တွင် မူးယစ်ကွင်းဆက်များဖမ်းဆီးရာမှ ပွိုင့်တူးတူးကျည်ဆံ ၄၃ တောင့်နှင့် မူးယစ်ဆေးဝါးများကို မတ် ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ ကွက်သစ်ရပ် (E)လမ်း၊ အိမ်အမှတ်(၁၈၇)နေ အောင်ကျော်မင်း နေအိမ်၌ မူးယစ်ဆေးဝါးများကို ၎င်း၏ နေအိမ်ရှိ အမြင့်(၃)လက်မ စတီးဓာတ်မီးတိုအတွင်း၌ ပင်နီဆလင်းပုလင်းဖြင့် ထည့်လျှက် ဘိန်းဖြူ အလေးချိန်(၀.၁)ဂရမ်ခန့်ရှိပုလင်း ၁ လုံး၊ ဆေးထိုးအပ်ဖြင့် ထည့်လျက် အလေးချိန်(၀.၁)ဂရမ်ခန့် ရှိသောဘိန်းဖြူ (၁)တောင့်၊ အဖြူရောင်ကော်ဘူးအတွင်း အလေးချိန် (၁.၃)ဂရမ်ခန့်ပါ ICE အမျိုးအစား အဖြူ ရောင် အစိုင်အခဲ (၁)ဘူး။ အဖြူရောင်ကော်ဘူးအတွင်းထည့်လျှက် WY စိတ်ကြွဆေးပြား စုစုပေါင်း (၃၆)ပြား(အလေးချိန် (၀.၀၀၃၆ ကီလိုဂရမ်ခန့် ) ၊ အလေးချိန် (၅၀) ဂရမ်ခန့် ပါ ဘိန်းစာမှုန့် (၁)ထုပ်နင့်အတူ အနီရောင် ဇစ်ဆွဲအိတ်အတွင်း ပွိုင့်တူးတူးကျည်ဆံ (၄၃)တောင့်ပါ (၁)ဘူး၊ ဆေးရှူ ကိရိယာ (၁)ခု၊ ခဲပြားလိပ် (၁)ခုနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးလက်ဝယ် ထားရှိ ဖြန့်ဖြူးရောင်းချသူအဖြစ် မြိတ်မြို့မရဲစခန်း မယ(ပ)၃၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ) အရအမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။