မတ် ၃၊ မက်ဒရစ်။ ။ ဒီပို့တီဗိုနှင့်တစ်ဂိုးစီသရေကျသည့်ပွဲတွင်ဦးခေါင်းဒဏ်ရာရခဲ့သည့် တိုက်စစ်မှူးတောရက်စ်သည် ဆေးရုံတွင်သတိကောင်းစွာပြန်ရ လာပြီဖြစ်ပြီး အခြေအနေတည်ငြိမ်နေပြီဟု အက်သလက်တီကိုမက်ဒရစ်အသင်းက ကြေညာသည်။
လီဗာပူးလ်နှင့်ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းသည် ပွဲချိန် ၈၅ မိနစ်တွင် ဘာဂန်တီနိုနှင့်တိုက်မိပြီး မြေပေါ်သို့ ခေါင်းဖြင့် ပြင်းထန်စွာပြုတ်ကျခဲ့ခြင်းဖြစ်သည်။
စစ်ဆေးကုသမှုဆက်လက်ခံယူရဦးမည်ဖြစ်သော်လည်း ဓါတ်မှန်မှတ်တမ်းအရ ကြီးကြီးမားမားထိခိုက်မှုမရှိဟု အက်သလက်တီကိုအသင်းက အတည်ပြုသည်။
အသက် ၃၂ နှစ်အရွယ် စပိန်တိုက်စစ်မှူးကလည်း “တုန်လှုပ်စရာတစ်ခုသာဖြစ်ခဲ့ပါတယ်။ မြန်မြန်ပြန်ကောင်းလာဖို့ မျှော်လင့်ပါ တယ်”ဟု ထုတ်ပြန်သည်။
အဖြစ်အပျက်ကိုမြင်တွေ့လိုက်ချိန်တွင် အလွန်စိုးရိမ်မိခဲ့သည်ဟု အက်သလက်တီကိုနည်းပြဆီမြွန်နီက ပွဲပြီးအင်တာဗျူးတွင် ပြောသည်။
“အသံကြီးကို ထိုင်ခုံတန်းကနေကြားလိုက်ရတယ်။ သူလဲကျသွားတာကိုလည်းတွေ့လိုက်ရပြီး ကျွန်တော်တို့ ကြောက်သွားတယ်။ အဲဒီအသံက တောရက်စ်ရဲ့လည်ပင်းဆီကလားဆိုတာ ကျွန်တော်တို့မသိခဲ့ဘူး”ဟု ဆီမြွန်နီကဆိုသည်။
Ref; BBC