မန္တလေး၊ ဖေဖော်ဝါရီ ၂၃ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပုဒ်မ ၂၄၄၊ ၄၄၇၊ ၄၄၀၊ ၃၉၂စသည့် ပုဒ်မအမျိုးမျိုးဖြင့် အရေးယူဖမ်းဆီးခံထားရသည့် တောင်သူများအရေး ကူညီဆောင်ရွက်ပေးသူ ၂ ဦးအပါအဝင် တောင်သူ ၁၃ ဦးကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းက ပြင်ဦးလွင်မြို့နယ်တရားရုံးက အာမခံဖြင့် လွှတ်ပေးလိုက်သည်ဟု လွတ်မြောက်လာသူ ကိုမျိုးဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ တောင်သူများသည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ စတင်ဖမ်းဆီးအရေးယူခဲ့ခြင်းခံရပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက ပြင်ဦးလွင်မြို့နယ် တရားရုံးက အာမခံဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဖမ်းဆီးအရေးယူခံနေရသော တောင်သူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးခံတောင်သူများ ပြန်လည်လွတ်ပေးရန်အတွက် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် တောင်သူ ၂၀၀၀ ကျော်က မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်တောင်ဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။