တိုင်ပေ၊ ဖေဖော်ဝါရီ ၁၈ ။ ။ ထိုင်းဝမ်ကင်းလှည့်ရေယာဉ်တစ်စင်းက တရုတ်ပြည်မကြီးနဲ့ ၁၂ မိုင်အကွာ ထိုင်ဝမ်ပိုင် မတ်ဆုကျွန်းတွေအနီးမှာ တရုတ်ငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးခဲ့တယ်လို့ ကမ်းခြေစောင့်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
ရပ်တန့်ခိုင်းတာကို တရုတ်ငါးဖမ်းလှေက တုံ့ပြန်ခြင်းမရှိတာကြောင့် လှေသမားသုံးဦးနဲ့အတူ ငါးဖမ်းလှေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ထိုသူသုံးဦးကို စုံစမ်းစစ်ဆေးရေးအတွက် ပို့ဆောင်ထားကြောင်း
ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်ပြည်မကြီးက ကီလိုမီတာအနည်းငယ်သာ ကွာဝေးတဲ့ မတ်ဆုကျွန်းနဲ့ ကင်မန်ကျွန်းတွေ ဝန်းကျင်မှာ ငါးအရင်းအမြစ်တွေ ကာကွယ်ရေးအတွက် ထိုင်ဝမ်ဟာ ကင်းလှည့်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်ဟာ ၁၉၄၉ ခုနှစ်အတွင်း အမျိုးသားရေးဝါဒီ ချန်ကေရှိတ်တပ်တွေ မော်စီတုန်းဦးစီးတဲ့ ကွန်မြူနစ်တပ်တွေကို ပြည်တွင်းစစ်မှာ ရှုံးပြီးနောက်ပိုင်းကစလို့ နယ်မြေအငြင်းပွားမှု
ဖြစ်နေခဲ့တာပါ။
တရုတ်က ထိုင်ဝမိကု ၎င်းပိုင်နက်နယ်မြေတစ်ခုအဖြစ် သဘောထားပြီး ထိုင်ဝမ်က တရုတ်ရဲ့ အတည်ပြုပြောဆိုမှုကို ပယ်ချထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာလည်း တရုတ်စစ်သင်္ဘောနဲ့ လေယာဉ်တွေက ထိုင်ဝမ်အနီးက နိုင်ငံတကာ ရေပိုင်နက်မှာ ကင်းလှည့်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။