ဂျပန်ဓာတ်ပုံဆရာ Ruru ၏ ကမ္ဘာအရပ်ရပ်တွင် ရိုက်ကူးထားသောဓာတ်ပုံများ ပြသ

ဂျပန်ဓာတ်ပုံဆရာ Ruru ၏ ကမ္ဘာအရပ်ရပ်တွင် ရိုက်ကူးထားသောဓာတ်ပုံများ ပြသ

ဖေဖော်ဝါရီလ ၃   ။                    ။ ဂျပန်နိုင်ငံသား ဓါတ်ပုံ ဆရာ Ruru ၏ ကမ္ဘာအရပ်ရပ်ကနေ ရိုက်ကူးထားသည့်  ဓာတ်ပုံများကို ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၃ လမ်း ရှိ 43 Art Gallery မှာ ဖေဖော်ဝါရီလ ၂ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထိ ပြသသွားမည်ဖြစ်သည် ။

အဆိုပါ ဓာတ်ပုံပြပွဲတွင် ကမ္ဘာအရပ်ရပ်ကမတူညီသည့်  ရှုခင်းပုံများ၊ လူနေမှုစရိုက်ပုံများ၊ တိရစ္ဆာန်ပုံများ နှင့် စုစုပေါင်း ၄၈ ပုံကို ပြသရောင်းချသွားမည်ဖြစ်ပြီး ဓာတ်ပုံ တစ်ပုံလျှင်   ငွေကျပ် ၅ သောင်းနှင့်   ရောင်းချသွားမည်ဖြစ်သည်။

"သူက ရှုခင်းလည်းပါတယ် ။ လူနေမှုစရိုက်လည်း ပါတယ်။ အဓိက ကတော့ သူပြချင်တဲ့ မတူညီတဲ့ လူနေမှုဓလေ့လေးတွေကို ပြချင်တာပါ လူမျိူးချင်းမတူ၊ ဓလေ့လေးတွေ ကွဲပြားတာကို ပြချင်တဲ့ သဘောပါ"  ဟု ရှုခင်းဓာတ်ပုံဆရာ ထိန်လင်းက ပြောသည်။

ယင်းဓာတ်ပုံပြပွဲတွင်ရှိသည့်  ဓာတ်ပုံပေါင်း ၄၈ ပုံထဲမှ ပုဂံတွင် ရိုက်ကူးထားသည့် မြန်မာ့ဓလေ့ လူနေမှုစရိုက်ပုံကို ရည်ညွှန်းထားသည့် ဓာတ်ပုံပါ ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly