ထရမ့်ရဲ့ အမုန်းစကားများကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ ရှုတ်ချ

ထရမ့်ရဲ့ အမုန်းစကားများကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ ရှုတ်ချ

နယူးယောက်၊ ဖေဖော်ဝါရီ ၃ ။                ။ ဖေဖော်ဝါရီ ၂ ရက်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ စုရုံးတွေ့ဆုံမှုတစ်ရပ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရွှေ့ပြောင်းဝင်ရောက်သူများအပေါ် ဆန့်ကျင်တဲ့ အမုန်းစကားတွေ ပြောဆိုတယ်ဆိုပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေက ရှုတ်ချလိုက်ကြပါတယ်။

ကိုလံဘီယာနိုင်ငံ ပြည်တွင်းစစ်ရပ်စဲရေးကို ရှေးရှုလုပ်ဆောင်၍ ငြိမ်းချမ်းရေးနိုဘယ်ဆု နောက်ဆုံးချီးမြှင့်ခံရတဲ့ ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူရယ်ဆန်တို့စ်က ဘိုဂိုတာမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေရဲ့ လေးရက်တာထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

“ခွဲခြားဆက်ဆံမှုတွေ၊ ဒုက္ခသည်ပြဿနာတွေ၊ ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ငြင်းပယ်တာက အမုန်းတရားတွေရဲ့ အောက်မှာ ဖြစ်ပွားနေတယ်။ လူသားချင်းကရုဏာတရားအကြောင်း ကျွန်တော်တို့ ဘယ်လိုပြောကြရမှာလဲ။”လို့ ဆန်တို့စ်က ဆိုပါတယ်။

ဆန်တို့စ်က ပြောဆိုရာမှာ ထရမ့်ကို နာမည်တပ်မပြောပေမယ့် သူ့မှတ်ချက်စကားက ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါကို ထိုးနှက်ပြောဆိုမှန်း သိသာပါတယ်။ အမေရိကန်ခေါင်းဆောင်   ဒေါ်နယ်ထရမ့်က မကြာသေးခင်က လက်တင်အမေရိကနဲ့ မွတ်စလင်အများစုနိုင်ငံခုနစ်နိုင်ငံက လာရောက်သူတွေကို တင်းကျပ်ပိတ်ပင်မိန့်တစ်ရပ် လက်မှတ်ရေးထိုး ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

ခုပြုလုပ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ စုဝေးပွဲမှာ အခြားငြိမ်းချမ်းရေးဆုရှင်တွေဖြစ်တဲ့ ယီမင်က တာဝတ်ကုကာမန်း၊ ကိုစတာရီကာသမ္မတဟောင်း အော်စကာအာရီယက်စ်နဲ့ အမေရိကန်က   မြေမြုပ်မိုင်းဆန့်ကျင်ရေးလှုပ်ရှားသူ ဂျိုဒီဝီလီယံတို့ကလည်း ထရမ့်အပေါ် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly