သင်းခွေချပ်ကြေးခွံ သုံးတန်အား ထိုင်းရဲများ စံချိန်တင် ဖမ်းဆီးရရှိ

သင်းခွေချပ်ကြေးခွံ သုံးတန်အား ထိုင်းရဲများ စံချိန်တင် ဖမ်းဆီးရရှိ

ဖေဖော်ဝါရီ ၂ ။                   ။ ယနေ့ကြာသာပတေးနေ့တွင် ထိုင်းအကောက်ခွန်ရဲများသည် သင်းခွေချပ်ကြေးခွံသုံးတန်အားစံချိန်တင်ဖမ်း ဆီးရရှိခဲ့ပြီး ထိုသင်းခွေချပ်ကြေးခွံများသည် ကမ္ဘာပေါ်ရှိ   နို့တိုက်သတ္တဝါများထဲ၌ အများဆုံးမှောင်ခိုရောင်းဝယ် ခြင်းခံနေရကာ အာရှရှိ အကျိုးအမြတ်များသောတောရိုင်းတိရိစ္ဆာန်ဈေးကွက်ထဲသို့ ဦးတည်နေသည်ဟု သိရသည်။

သင်းခွေချပ်များ၏ ကြေးခွံညိုများသည် လက်သည်းများကို ဖွဲ့စည်းထားသော အရာဝတ္ထုများဖြစ်သည့် Keratin ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ၎င်းတို့အား ဆေးဝါးများအဖြစ် လွဲမှားစွာအသုံးချနေကြသော ဗီယက်နမ်နှင့် တရုတ် ပြည်တို့တွင် အလွန်ကိုဈေးမြင့်မားသည့် တိရိစ္ဆာန်များဖြစ်ကြသည်။

တောရိုင်းတိရိစ္ဆာန် မှောင်ခိုရောင်းချရာဈေးကွက်အတွင်း ဝယ်လိုအား အလွန်များပြားလာသောကြောင့် အာရှနှင့် အာဖရိကတိုက်ရှိ သစ်တောများမှ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သင်းခွေချပ်တစ်သန်းကျော်ခန့် ဖမ်းဆီးခံခဲ့ရပြီး နောက်တွင် ၎င်းတို့သည် မျိုးတုန်းပျောက်ကွယ်မှု အန္တရာယ်အများဆုံးကြုံတွေ့နေရသော သတ္တဝါများဖြစ်လာခဲ့ သည်။

ယနေ့ကြာသာပတေးနေ့၌ ထိုင်းရဲများသည် အဖြူရောင်အထုပ်များဖြင့် ထုပ်ပိုးထားသော တန်ချိန်သုံးတန်ခန့်ရှိသည့် သင်းခွေချပ်အကြေးခွံများအား ဘန်ကောက်ရှိ ပင်မလေဆိပ်ထဲတွင် ဖမ်းဆီးရမိခဲ့ကြောင်းကြေညာခဲ့သည်။

ထိုတရားမဝင်သော သွင်းကုန်များသည် ကွန်ဂိုမှ သင်္ဘောဖြင့်သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တူရကီမှဖြတ်၍ မှောင်ခိုကူးခဲ့ကာ နောက်ဆုံး၌ ဒေသတွင်းမှောင်ခိုလုပ်ငန်း အစုအဖွဲ့ကြီး၏ အတင်အချပြုလုပ်ရာ ဗဟိုချက်ဖြစ်သည့် လာအို နိုင်ငံသို့ ဦးတည်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly