မူးယစ်စစ်ပွဲအတွင်း စစ်တပ်အင်အားအသုံးပြုပြီး ပိုမိုသတ်ဖြတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု

မူးယစ်စစ်ပွဲအတွင်း စစ်တပ်အင်အားအသုံးပြုပြီး ပိုမိုသတ်ဖြတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု

ဖေဖေါ်ဝါရီ ၂ ။                   ။ ယနေ့ ကြာသာပတေးနေ့၌ ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက သူ၏မူးယစ်စစ်ပွဲ၌ စစ်တပ်မှဦးဆောင်ကာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းချသူများနှင့် သုံးစွဲနေသူများကို ပိုမိုသတ်ဖြတ်သွားမည်ဟု ကတိကဝတ်ပြုခဲ့သည်။

“ကျနော်ဟာ ဖိလစ်ပိုင်တပ်မတော်ကို အသုံးပြုမှာပါ။ မူးယစ်ဆေးဝါးပြသနာဟာ ကျနော်တို့နိုင်ငံအားခြိမ်းခြောက် နေတဲ့ပြသနာတစ်ခုဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး ဒါကြောင့်ဖိလစ်ပိုင်တပ်မတော်ရဲ့အကူအ ညီကိုရယူသွားမှာဖြစ်ပါတယ်” ဟု ဒူတာတေးကပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲနေသော သကောင့်သားများအား ပိုမိုသတ်ပစ်မည်ဟု ကတိပေးခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မူးယစ်စစ်ပွဲအတွင်း လူသတ်မှုများကိုချပြခဲ့ပြီး ခုနှစ်လအတွင်းလူပေါင်း ၆၅၀၀ကျော် လူမဆန်စွာအသတ်ခံခဲ့ရသည်ဟု တင်ပြခဲ့အပြီးတွင် ဒူတာတေးက ယခုလို မှတ်ချက်ပေးခဲ့ခြင်းဖြစ် သည်။

ယခုအပတ်အတွင်း ဒူတာတေးသည် ရဲသားများက မူးယစ်စစ်ပွဲအတွင်း၌ ခေါင်းဆောင်ရသော အခွင့်အရေးအား အသုံးချကာ အကျင့်ပျက်ခြစားမှုများ ကျူးလွန်နေတဲ့အတွက် ၎င်းတို့အား မူးယစ်စစ်ပွဲအတွင်း ပါဝင်ပက်သက်ခွင့် မပြုတော့ကြောင်း ပြောခဲ့သည်။

ဒူတာတေးက သူ၏ရဲတပ်ဖွဲ့များအား ယုံကြည်မှုကင်းမဲ့လာခြင်းသည် လွန်ခဲ့သော လများအတွင်း ရဲတပ်သားများ က လူသတ်မှုများ၊ ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများနှင့် ဓားပြတိုက်မှုများကို မူးယစ်စစ်ပွဲအားအသုံးချ ကာ ကျူးလွန်နေကြကြောင်း တွေ့ခဲ့ရသောကြောင့် ယခုလို နည်းလမ်းအသစ်တစ်ခု စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly