နာမည်ကျော်အဆိုတော်နှင့်သီချင်းရေးဆရာ ဖာရယ်လ်ဝီလီယမ်နှင့်သူ၏ဇနီးဖြစ်သူတို့သည် ပျော်ရွှင်စရာ ကောင်းသော သတင်းတစ်ခုအတွက် ဝမ်းမြောက်နေကြကြောင်း သိရသည်။
ဝီလီယမ်တို့စုံတွဲ၏ ကိုယ်စားလှယ်များ၏ အဆိုအရ ၎င်းတို့ဇနီးမောင်နှံသည် ကြည်နူးစရာကောင်းသော အရာသုံးခုကို မကြာခင်မှာ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
ဝီလီယမ်နှင့်သူ၏ဇနီးဖြစ်သူတို့သည်လွန်ခဲ့သော ၂၀၁၃ခုနှစ်ကတည်းကလက်ထပ်ခဲ့ကြပြီး ရော့ခ်ကတ်အမည်ရှိ သားလေးတစ်ဦးထွန်းကားခဲ့ပြီးဖြစ်သည်။
“ဖာရယ်လ်၊ဟယ်လင်နဲ့ရော့ခ်ကတ်ဝီလီယမ်တို့သုံးဦးဟာ မကြာခင်မှာပဲအမြွှာကလေးသုံးဦးကိုပိုင်ဆိုင်ရတော့ မှာဖြစ်တာကြောင့် ပျော်ရွှင်နေကြပါတယ်” ဟု ဖာရယ်လ်ဝီလီယမ်၏ ကိုယ်စားလှယ်များက ပြောခဲ့သည်။ ဒါ့အပြင် မိသားစုတစ်စုလုံး ပျော်ရွှင်ပြီးကျန်းမာနေကြကြောင်းလည်းပြောခဲ့သည်။ကလေးတွေရဲ့အမည်တွေကိုတော့ အတည်မပြုရသေးကြောင်းလည်းကြေညာခဲ့သည်။
ဖာရယ်လ်ဝီလီယမ်သည် “Voice” အဆိုပြိုင်ပွဲတွင်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ပြီး ယခုလက်ရှိတွင်အော်စကာဆု အတွက်စာရင်းသွင်းခံရသည့် “Hidden Figures” ဇာတ်ကားထဲမှ သူ၏သီချင်းများနှင့် အလုပ်များလျက် ရှိနေသည်။