မင်းသားကြီးပီတာကာပယ်လ်ဒီသည် ဘီဘီစီမှ ထုတ်လွှင့်နေသည့် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲ Doctor Who တွင် ခေါင်းဆောင်မင်းသားဇာတ်ရုပ်နေရာမှ သရုပ်ဆောင်ခြင်းကို ရပ်နားတော့မည်ဖြစ်ကြောင်း သိရသည်။
ကာပယ်လ်ဒီသည် အဆိုပါသတင်းကို ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌အစီစဉ်တင်ဆက်သူ ဂျိုဝှယ်လ်လေအား ပြောခဲ့ကာ ပရိသတ်များအားတုန်လှုပ်စေခဲ့သည်။
သူက ယခုနှစ်အကုန်ပိုင်းတွင် Doctor Who ဇာတ်လမ်းတွဲမှ သူထွက်ခွာတော့မည်ဖြစ်ကြောင်းပြောခဲ့သည်။ “ကျနော်ပြောင်းလဲချိန်တန်ပြီလို့ ခံစားရပါတယ်” ဟု သူကပြောခဲ့သည်။ ကာပယ်လ်ဒီသည် အဆိုပါ ဇာတ်လမ်းတွဲ ၌ Doctor ဇာတ်ရုပ်နေရာမှ ၂၀၁၃ခုနှစ်ကစတင်ပြီး သရုပ်ဆောင်ခဲ့ကာ အဆိုပါဇာတ်ရုပ်၏ ၁၂ယောက်မြောက် သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။ မကြာခင်ထွက်ရှိလာတော့မည့် ၁၀ကြိမ်မြောက်စီးရီးသည်သူ နောက်ဆုံးပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်လမ်းဖြစ်ကြောင်းပြောခဲ့သည်။
“ကျနော်စိတ်မကောင်းပါဘူး။ ကျနော် Doctor Who ဇာတ်လမ်းကိုမြတ်နိုးပါတယ်။ ဒါပေမယ့် ကျနော်ဟာမတူကွဲ ပြားတဲ့အရာတွေ အများကြီး လုပ်ဆောင်နေတဲ့သူဖြစ်တဲ့အတွက် ပြောင်းလဲချိန်တန်ပါပြီ”ဟု= ပြောခဲ့သည်။ ဒါ့အပြင် သူ့အားစာချုပ်သက်တိုးတမ်းရန် ကမ်းလှမ်းခဲ့သော်လည်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ချင်သောကြောင့် ငြင်း ပယ်ခဲ့ကြောင်းပြောခဲ့သည်။
Doctor Who ၏ ဇာတ်လမ်းတွဲအသစ်ကို လာမည့်နွေဦးရာသီတွင် စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး အဆိုပါစီးရီး၏ နောက်ဆုံးအပိုင်းကို ခရစ္စမတ်နေ့တွင်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
Ref: BBC