ကမ္ဘာတစ်ဝန်းမှ အလှမယ်ပေါင်း ၈၆ယောက်ကျော်သည် ပြီးခဲ့သော ကြာသာပတေးနေ့က မနီလာမြို့၌ စုရုံးခဲ့ကြပြီး ၂၀၁၆ခုနှစ်အတွက် မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲကြီး၌ ယှဉ်ပြိုင်ခဲ့ကာ ၎င်းတို့၏ နောက်ဆုံးသရဖူလုပွဲကို လာမည့် တနင်္လာနေ့တွင် မနီလာမြို့၌ပဲ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
မနီလာရှိအာရှအားကစားကွင်းကြီး၌ ပရိသတ်လူအုပ်ကြီးပြည့်နှက်ခဲ့ပြီး ဒိုင်များရှေ့၌ အလှမယ်တစ်ဦးခြင်းစီက ရေကူးဝတ်စုံ၊ညနေခင်းဂါဝန်နှင့် ၎င်းတို့၏ ရိုးရာဝတ်စုံများ ဆင်မြန်းခဲ့ကြကာ ယှဉ်ပြိုင်ခဲ့ကြပါသည်။
“တစ်ကမ္ဘာလုံးဟာတစ်ညီတစ်ညွတ်ထဲရှိခဲ့ကြပါတယ်။ပြီးတော့ကျမတို့တစ်ယောက်နဲ့တစ်ယောက်မသိပေမယ့် လည်း ဒီပွဲကိုအတူတကွဆင်နွှဲခဲ့ကြပါတယ်” ဟု ပွဲကိုတက်ရောက်ခဲ့သော ပရိသတ်မြောက်မြားစွာထဲမှ တစ်ဦးဖြစ် သူ အက်ပဲလ်နက်တီဗီဒတ် က ပြောခဲ့ပါသည်။
အချို့ပရိတ်သတ်များက မယ်စကြာဝဠာပြိုင်ပွဲဝင်များကဲ့သို့ဝတ်ဆင်ခဲ့ကြကာအခမ်းအနားသို့တက်ရောက်ခဲ့ကြ ပါသည်။
“ဒီပွဲဟာအလှပတရားအတွက် ပြိုင်ပွဲပါ။ ဒါပေမယ့် နှလုံးသားအလှတရားရဲ့ပွဲလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျမ တု့ိလို အလှပဒေသာပွဲကြီးတွေကို အရူးအမူးအားပေးတဲ့ ဖိလစ်ပိုင်လူမျိုးတွေ အတွက် ဒီပွဲဟာ ကျမတို့ရဲ့ပွဲဖြစ်ပါ တယ်” ဟု ဖိလစ်ပိုင်အလှမယ်ခါးစီးကို ဆင်မြန်းကာ အားပေးခဲ့သူ Rania Ziateh ကပြောခဲ့ပါသည်။
လက်ရှိတွင်၂၀၁၅ခုနှစ်အတွက် မယ်စကြာဝဠာသရဖူအား ဖိလစ်ပိုင်အလှဘုရင်မ Pia Wurtzbach မှ ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၆ခုနှစ်အတွက် မည်သူက အလှဘုရင်မဘွဲ့ရရှိမည် ဆိုတာကို စောင့်ကြည့်သွားရမည်ဖြစ်ပါသည်။