ဇန်နဝါရီ ၂၁ ။ ။ အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတအဖြစ် ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်က ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးစီးခဲ့ပြီးနောက် နိုင်ငံကို အုပ်ချုပ်ခွင့် အာဏာများမှာ ပြည်သူများထံသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
ကျမ်းကျိန်ပွဲအပြီး သမ္မတသစ် ထရမ့်က မိန့်ခွန်းပြောကြားရာ၌ ယခုအချိန်မှစ၍ ဝါရှင်တန်ဒီစီမြို့တော်က အာဏာကို ပြည်သူများဆီ လွှဲပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားသည်။
" ဒီနေ့ဟာ ခင်ဗျားတို့အားလုံးရဲ့ နေ့ပါ၊ ဒီပွဲဟာ ခင်ဗျားတို့ အားလုံးရဲ့ ပွဲပါ၊ အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားတို့ နိုင်ငံပါ" ဟု ထရမ့်က မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
၂၀၁၇ ဇန်နဝါရီ ၂၀ မှာ နိုင်ငံကို နောက်တစ်ကြိမ် ပြည်သူများလက်ထဲ အာဏာပြန်လည် ရောက်ရှိသည့်နေ့အဖြစ် အမှတ်ရနေတော့မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသွားသည်။