ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျက်စိခွဲစိတ်ကုသမှုခံယူ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျက်စိခွဲစိတ်ကုသမှုခံယူ
(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေပြည်တော်(ဇန်နဝါရီ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးတွင် ဇန်နဝါရီ ၁၉ရက်၊ နံနက်ပိုင်းက ဝဲဘက်မျက်စိအတွင်းတိမ်အား ခွဲစိတ်ကုသရာ အောင်မြင်စွာ ခွဲစိတ်ကုသမှုပြီးဆုံးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးအား မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးသန်းအောင်နှင့် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး သန်းအောင်(အငြိမ်းစား)တို့ ဦးစီး၍ မျက်စိအတွင်းတိမ်အား ခွဲစိတ်ပြီး မျက်တွင်းမှန်ဘီလူးအစားထိုးကုသမှု (PHACOEMULSIFICATION+FOLDABLE  IOL  IMPLANTATION) လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းကလည်း ယာဘက်မျက်စိအား အောင်မြင်စွာခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသေးသည်။

မျက်စိအတွင်းတိမ်ရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါတစ်ခုဖြစ်ပြီး တပ်မတော် ဆေးရုံများတွင်သာမက တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့များဖြင့်လည်း ပြည်သူလူထု အတွင်းတွင်ပါ လူနာအမြောက်အများကို ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly