၀ိုင်းဝန်းကူညီကြမယ့် မနက်ဖြန်နေ့ရက်များ အပိုင်း(၁)

၀ိုင်းဝန်းကူညီကြမယ့် မနက်ဖြန်နေ့ရက်များ အပိုင်း(၁)
ဓာတ်ပုံ-သူရ

ဇန်နဝါရီ ၁၅ ။                 ။ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် စတင်ပြောင်းလဲပြေားဆွဲလိုက်တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက စေတနာ့ဝန်ထမ်းကူညီသူတွေနဲ့အတူ ခရီးသွားပြည်သူတွေကို ကူညီဖို့ ရှိနေပါတယ်။

 ဦးနေဘုန်းလတ် (သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

ကိုယ်ကတော့ ဗန္ဓုလပန်းခြံထဲမှာပဲထိုင်၊  ပြီးတော့ အဲကနေပဲ ကြီးကြပ်မယ် ။ ဗဟိုဆိုပြီးတော့ အဲ့မှာထိုင်နေမှာပေါ့နော် ။ ထိုင်ပြီးတော့ လုပ်အားပေးတွေကို ကားတွေဘာတွေနဲ့ မနက်ဆိုရင် ဘရိတ်ဖတ်စ်ပေါ့။ နေ့လယ်ဆိုရင်ညနေစာ လိုက်ပို့တာ၊ အဲ့လိုတွေ ဘာတွေလုပ်မှာပေါ့ ။ အင်တာနက်တွေ ဘာတွေ ချိတ်ထားပြီးတော့ ကွန်ပျူတာတွေ အဲဒီမှာ လိုအပ်တဲ့အကူညီတွေ ပေးနိုင်အောင် အဲ့ကနေထိုင်လုပ်မှာပေါ့။  လုပ်အားပေးတဲ့သူစာရင်းက အတိကျတော့မထွက်သေးဘူး။  ၄၀၀၀ လောက်ရှိမှာပေါ့။ အဓိကကတော့ တစ်မြို့နယ်စီမှာပေါ့ ။ တာဝန်ခံတွေလည်းခွဲပြီးတော့ ဖွဲ့ထားပြီးသွားပြီ။ တာဝန်ခံတွေက ကြီးကြပ်ပြီးတော့ သွားမှာပေါ့နော်။

ဦးညီညီ (တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

မနက် ၅ နာရီလောက်ကို ကျွန်တော်တို့ စုရပ်တောင်ဒဂုံမြို့နယ် NLD ရုံးမှာ စုပါမယ် ။ တောင်ဒဂုံမြို့ကလည်း အရမ်းကျယ်တော့ ဥပမာ လေးထောင့်ကန်လိုမျိုးဆိုရင် ကားမောင်းတာတောင်မှ နာရီဝက်လောက် မောင်းရတယ် ။ အဲ့ဒီဘက်ခြမ်းမှာရှိတဲ့သူတွေကတော့ သူတို့အနီးနားဝန်းကျင်မှာရှိတဲ့ မှတ်တိုင်တွေမှာ ခရီးသွားပြည်သူအတွက်ကို အကူအညီပေးမှာပါ။ ကျန်တဲ့ လုပ်အားပေးတွေကတော့ မှတ်တိုင်အသီးသီးမှာ လက်ကမ်းစာစောင်ဝေစရာရှိတဲ့ဟာကို ဝေမယ်။ မသိတဲ့ခရီးသွားပြည်သူတွေကို လမ်းညွှန်မယ် ။ အဲ့ဒီဟာတွေကို လုပ်အားပေး ၃၀၀ နဲ့ မြို့နယ်မှာရှိတဲ့ ပြည်သူတွေ၊ ကိုယ်စားလှယ်တွေနဲ့ အားလုံးပေါင်းစည်းပြီးတော့ ဆောင်ရွက်သွားမှာပါဗျ။ ကျွန်တော်ကိုယ်တိုင်လိုက်မှာပါ ။ အစ အလယ် အဆုံး အကုန်ပါမယ်ဗျာ။ လုပ်အားပေးတွေဆီကို ရေဗူးပေးတာကအစ ၊ နေ့ခင်းနေ့လည်ထမင်းစားဖို့က အစ အကုန်လုံး ကျွန်တော်တို့ ပါပါတယ်ဗျ။ အဆင်ပြေအောင်လို့ ဆောင်ရွက်နိုင်လိုက်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်ဗျ။ အဆင်ပြေတယ်ထက်စာရင် အဆင်ပြေအောင်လို့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ရာနူန်းပြည့် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ပူးပေါင်းပါဝင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ဆောင်ရွက်မယ့် ယာဉ်လိုင်းကိစ္စက အောင်မြင်မှာပါ။ ဆိုင်းဘုတ် ဖျက်တယ်၊ ဆီးတယ်ဆိုတာကလည်း အများကြီးမဟုတ်ပါဘူးဗျ။ လက်တစ်ဆုပ်စာလောက်ရှိတဲ့ အနည်းငယ်သောလူတစ်စုကနေပြီး ဆောင်ရွက်တာပါ။

ဥပဒေအကြောင်းအရာအရတော့ဆောင်ရွက်သွားမှာပါ။ တောင်ဒဂုံမှာဆိုရင်လည်း နေရာအနှံကိုပတ်ပြိးတော့ နေရာအနှံမှာတော့ ဘယ်နေရာတော့ဖြဲခံရတယ် ။ ဘယ်မှာတော့ တိုင်တွေနဲ့ခံရတယ်ဆိုတာ လိုက်ကြည့်တဲ့အခါမှာ တောင်ဒဂုံမှာတော့ ဘယ်နေရာမှာမှ မရှိသေးဘူးခင်ဗျ။ နောက်တစ်ခုက ယာဉ်လိုင်းတွေက ချက်ချင်းကြီးအကုန်လုံး ရပ်နားသွားမှာမဟုတ်ဘူး။ တချို့ယာဉ်တွေက ပုံမှန်အတိုင်း ၃လ လောက်ပြေးဆွဲနေမှာဖြစ်တဲ့အတွက် ခရီးသည်တွေအတွက် အခက်ခဲအကျပ်တည်းတွေ အဲ့လောက်ထိတော့ ရှိမှာမဟုတ်ဘူးလို့ ပြောချင်တယ်ဗျ။ ရှိခဲ့မယ်ဆိုရင်လည်းပဲ ကူညီလို့ရအောင်လို့ မြို့နယ်တစ်မြို့နယ်မှာ အနည်းဆုံး ကူညီမယ့်သူက ၁၀၀ နဲ့ ၃၀၀ ကြားမှာရှိတယ်လို့ပြောချင်တယ်ဗျ။ ဒါကြောင့်မို့လို့ အခက်ခဲရှိရင်တောင်မှပြေလည်အောင်လို့ ကူညီနိုင်လိမ့်မယ်လို့ ရာနူန်းပြည့် ယုံကြည်တယ်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly