နာမည်ကျော်ဗြိတိန်မင်းသား Idris Elba ဟာ ရန်ပုံငွေ ကောက်ခံလှူဒါန်းမှုပြုလုပ်ရန်အတွက် သူ့ကိုယ်သူလေလံ တင်ခဲ့ပြီး အနိုင်ရရှိသူဟာ သူနှင့်အတူ ချစ်သူများနေ့၌ တွေ့ဆုံခွင့် ရရှိသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အွန်လိုင်းပေါ်သို့တင်ခဲ့သော ဗွီဒီယိုထဲတွင် သူက လေလံအနိုင်ရရှိသူအား ရိုမန်တစ်ဆန်သော ညနေခင်းတစ်ခု ဖန်တီးပေးသွားမည်ဖြစ်ပြီး ထိုထဲတွင် ကော့တေးသောက်ခြင်း၊ ညစားစားခြင်းနှင့် သူတို့၏ နှလုံးသားကတောင်း ဆိုသော အရာမှန်သမျှကို ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဒါ့အပြင်သူက သူ့ရဲ့ရင်အုပ်ကြီးများကိုလည်း တဒုန်းဒုန်း ထုခွင့်ပေးသွားမှာဖြစ်ကြောင်း အသက် ၄၄နှစ်အရွယ်ရှိ ပြီဖြစ်သည့် စတားမင်းသားကြီးက ဆက်လက်ပြောကြားခဲ့သည်။
လေလံရရှိမည့်ငွေများအားလုံးကို We Can Lead ဆိုသည့် အာဖရိကတစ်တိုက်လုံးရှိ အမျိုးသမီးများကိုစွမ်းရည် မြှင့်တင်ရန်နှင့် ပညာသင်ကြားပေးရန်တို့အတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းကို လှူဒါန်းသွားမှာဖြစ်တယ် လို့ပြောကြားခဲ့ပါသည်။
Idris Elba ဟာ ဗြိတိန်ဒရာမာဇာတ်လမ်းတွဲ Luther ဖြင့်လူသိများသလို ဟောလိဝုဒ်ရုပ်ရှင် အများအပြားတွင် လည်းပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်တက်လာမည့် ဂျိမ်းဘွန်းမင်းသားသစ်နေရာ အတွက် ရေပန်းစားနေသူ တစ်ဦးလည်းဖြစ်ပါသည်။
Ref: BBC