ဇန်နဝါရီ ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲ အခမ်းအနားမှာ ၂၀၁၆ ရာသီရဲ့ အကောင်းဆုံးဂိုးအတွက် ဖီဖာ အကောင်းဆုံးသွင်းဂိုး (ပွတ်ရှ်ကပ်စ်) ဆုကို မလေးရှားကစားသမား မိုဟာမက်ဖိုင်ဆူဘရီက ဆွတ်ခူးရရှိခဲ့ပါတယ်။
ပွတ်ရှ်ကပ်စ်ဆုအတွက် ဆူဘရီရဲ့ ပြိုက်ဘက်များမှာ ဘရာဇီးကစားသမား မာလိုနှင့် ဗင်နီဇွဲလား အမျိုးသမီးကစားသမား ရိုဒရီဂွတ်တို့ဖြစ်ပါတယ်။
ဆူဘရီဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပါဟန်း အက်ဖ်အေပွဲစဉ်မှာ ဖရီးကစ်မှတဆင့် ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံးဂိုးအတွက် မဲပေးရွေးချယ်မှု စုစုပေါင်းရလဒ်မှာ ဆူဘရီက ၅၉.၄၆ ရာခိုင်နှုန်း၊ မာလို ၂၂.၈၆ ရာခိုင်နှုန်း၊ ရိုဒရီဂွတ် ၁၀.၀၁ ရာခိုင်နှုန်းနှင့် အခြား ရ.၆၈ ရာခိုင်နှုန်း အသီးသီး မဲရရှိခဲ့ပါတယ်။
ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်တာ The Best အကောင်းဆုံးဆုများ
- အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု - စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)
- အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆု - ကာလီလွိုက်ဒ် (ဟူစတန်ဒက်ရှ်/အမေရိကန်)
- အကောင်းဆုံး အမျိုးသားနည်းပြဆု - ရာနီရေးရီ (လက်စတာ)
- အကောင်းဆုံး အမျိုးသမီးနည်းပြဆု - ဇေလ်ဗီယာနိုက် (ဂျာမနီ)
- အကောင်းဆုံး သွင်းဂိုး Puskas ဆု - မိုဟာမက်ဖိုင်ဆူဘရီ (ပီနန်/မလေးရှား)
- FIFA Fair Play ဆု - အက်သလက်တီကိုနေစီယွန်နယ် (ကိုလံဘီယာ)
- အကောင်းဆုံးပရိသတ်ဆု - လီဗာပူးလ် နှင့် ဒေါ့မွန် (ယူရိုပါလိဂ်)
- ကစားသမားဘဝတစ်လျှောက်ထူးချွန်ဆု - ဖယ်လ်ကာအို (ဘရာဇီးလ်/ဖူဆယ်)
- FIFA FIFPro World XI ကမ္ဘာ့အကောင်းဆုံးအသင်း
ဂိုး - နူအာ (ဘိုင်ယန်မြူးနစ်/ဂျာမနီ)
နောက်တန်း - အဲလ်ဗတ်စ် (ဂျူဗင်တပ်စ်/ဘရာဇီးလ်)၊ ပီကေး (ဘာစီလိုနာ/စပိန်)၊ ရာမို့စ် (ရီးယဲလ်/စပိန်)၊ မာဆယ်လို (ရီးယဲလ်/ဘရာဇီးလ်)
အလယ်တန်း - မိုဒရစ် (ရီးယဲလ်/ခရိုအေးရှား)၊ တိုနီကရူးစ် (ရီးယဲလ်/ဂျာမနီ)၊ အင်နီယေစတာ (ဘာစီလိုနာ/စပိန်)
ရှေ့တန်း - မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)၊ ဆွာရက်ဇ် (ဘာစီလိုနာ/ဥရုဂွေး)၊ စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)
© EFE_EPA