ပေကျင်း၊ ဇန်နဝါရီ ၉ ။ ။ တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီအတွင်း ခြစားမှုကို ဖော်ထုတ်တွေ့ရှိပြီးနောက် အဖွဲ့တွင်းက တာဝန်ရှိသူများအား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အေဂျင်စီက ပြောသည်။
စည်းမျဉ်းထောက်လှမ်းမှုဗဟိုကော်မတီမှ တာဝန်ရှိသူ ၁၇ ဦးအား ၂၀၁၂ ခုနှစ်ကစကာ အကျင့်ပျက်ခြစားမှုအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အေဂျင်စီက ပြောသည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးသည် သမ္မတရှီကျင့်ဖျင်၏ သက်တမ်းတွင် အဓိကလုပ်ငန်းစဉ်လည်းဖြစ်သည်။
အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ကာ လူပေါင်းတစ်သန်းထက်မနည်းကို အပြစ်ပေးအရေးယူခဲ့ကြောင်း အစိုးရက ပြောသည်။
သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် စည်းမျဉ်းထောက်လှမ်းမှုဗဟိုကော်မတီသည် ရှေ့တန်းမှအခရာကျသည့် ကော်မတီတစ်ရပ်ဖြစ်ကာ နိုင်ငံတစ်ဝန်း တာဝန်ရှိအရာရှိများအား စုံစမ်းစစ်ဆေးရန် ညွန်ကြားခိုင်းစေခြင်း၊ အပြစ်ပေးအရေးယူခြင်းတို့ကို အရေးပိုင်သည့် ကော်မတီဖြစ်သည်။
လေးနှစ်တာအတောအတွင်း စည်းမျဉ်းထောက်လှမ်းမှုဗဟိုကော်မတီမှ တာဝန်ရှိသူပေါင်း ရ၉၀၀ ကို စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတစ်ချို့အတွက် အပြစ်ပေးခဲ့ပြီး ယင်းအနက် ၁၇ ဦးအား အကျင့်ပျက်အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း China Daily သတင်းစာက ဖော်ပြခဲ့သည်။