ဇန်နဝါရီ ၆ ။ ။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိ ပေးပို့လာမည့် လူ့သားချင်းစာနာထောက်ထားမှု အကူအညီများကို ၀မ်းမြောက်ကြိုဆိုပါကြောင်း ဖော်ပြခဲ့သည်ဟု နို်င်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်တွင် ပေးပို့သော မလေးရှားသံရုံးအား အကြောင်းကြားချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂလီများအား ထောက်ပံ့ရန် မလေးရှားနိုင်ငံ NGOsများ၏ အထောက် အပံ့ရေယာဉ်များ စေလွှတ်မည့် သတင်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၊ နို်င်ငံခြားရေး ၀န်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်တွင် မလေးရှားသံရုံးသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများအား ငွေသား သို့မဟုတ် အလားတူ ကူညီမှုများကို သံတမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်နိုင်ပြီး အင်ဒိုနီးရှားနိုင်ငံမှလည်း သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်ထားသည်ဟု ယင်းအကြောင်းကြားစာတွင် ဖော်ပြထားသည်။